images
UN
UN
ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အုမ္မကျေးရွာအုပ်စုရပ်မိရပ်ဖများ ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး ဆိုင်းဘုတ်တင်ပွဲပြုလုပ်
အောင်မျိုးထွန်း(ကနီလူငယ်) Tuesday, 13 August 2019
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အုမ္မ ကျေးရွာအုပ်စုရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးကပ်ကျော်ဆန်း နေအိမ်၌ ပြည် ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် တွေ့ဆုံဆွေးနွေးပွဲ ကို ယမန်နေ့နံနက် ၈နာရီက ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ကနီမြို့ နယ် ပါတီနာယကဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အရန်ပါတီကော်မတီ ဝင်များ၊ နယ်မြေတာဝန်ခံ ပါတီ ကော်မတီဝင်၊ ရပ်ကျေးပါတီဥက္ကဋ္ဌ နှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ ကြသည်။
တက်ရောက်လာသူများအား ပြည်ထောင်စုနေ့စဉ်သတင်းစာ များနှင့် ပြည်ခိုင်ဖြိုးပါတီသော့ ချိတ်များပေးဝေကာ အခမ်းအနား ပြီးစီးခဲ့ကြောင်း သိရသည်။