images
UN
UN
အီရစ်ဆင်အား လစာနှစ်ဆတိုးပေး၍ စာချုပ်သစ်ချုပ်ဆိုရန် စပါးစီစဉ်
Tuesday, 13 August 2019
စပါးအသင်းသည် ကွင်းလယ် ကစားသမားအီရစ်ဆင်အား လစာ နှစ်ဆတိုးပေး၍ စာချုပ်သစ်ချုပ်ဆို ရန် စီစဉ်နေပြီဖြစ်သည်။အီရစ်ဆင် သည် လန်ဒန်ကလပ်မှထွက်ခွာရန် စဉ်းစားနေသူဖြစ်ပြီး လာလီဂါသို့ ပြောင်းရွှေ့ချင်နေသူဖြစ်သည်။ ၄င်း ၏တစ်ပတ်လစာမှာ ပေါင်၈ဝဝဝဝ ဝန်းကျင်သာရှိပြီး ပေါင် တစ်သိန်း အထိ တိုးပေးကာ စာချုပ်သစ်ချုပ် ဆိုရန် စပါးက စီစဉ်နေခြင်းဖြစ် သည်။အီရစ်ဆင်သည် ၂ဝ၁၃ ခုနှစ် တွင် အေဂျက်မှစပါးသို့ ရောက်ရှိ လာပြီးနောက်ပိုင်း ၂၇၈ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၁၅၂ ဂိုးရရှိ ရန်အတွက် ပါဝင်ပတ်သက်နိုင်ခဲ့ သော ကစားသမားတစ်ဦးလည်း ဖြစ်သည်။ Ref ;Dailymail