images
UN
UN
အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းထွက်ခွာ
Tuesday, 13 August 2019
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအား ယှဉ်ပြိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးက တာဝန်ယူထားပြီး အုပ်ချုပ်နည်းပြအဖွဲ့ဝင်နှင့်ကစား သမားစုစုပေါင်း ၃၃ ဦး ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု(ခ)တွင် ဗီယက် နမ်၊ ကမ္ဘောဒီးယား၊အင်ဒိုနီးရှားတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စု အဖွင့်ပွဲအဖြစ် ယခုလ ၁၆ ရက်တွင် အင်ဒိုနီးရှားနှင့် စတင်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ၁၈ ရက်တွင် ကမ္ဘောဒီးယား၊ ၂ဝ ရက်တွင် ဗီယက်နမ် အသင်းတို့ကို ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။