images
UN
UN
မိမိသည် ချန်ပီယံလိဂ်ပြိုင်ပွဲကို ကိုယ်စားပြုနိုင်သူဖြစ်သည်ဟု စီရော်နယ်ဒိုပြော
Tuesday, 13 August 2019
ဂျူဗင်တပ်တိုက်စစ်မှူးစီရော် နယ်ဒိုက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရရှိခဲ့သော အောင်မြင်မှုများကြောင့် မိမိသည် ချန်ပီယံလိဂ်ပြိုင်ပွဲအား ကိုယ်စားပြုနိုင်သူဟု ယုံကြည် ကြောင်း ပြောကြားလိုက်သည်။ စီရော်နယ်ဒိုသည် ချန်ပီယံလိဂ် ဖလားကို ငါးကြိမ်အထိ ရရှိထား သူဖြစ်သည်။ မန်ယူနှင့်တစ်ကြိမ် ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်နှင့်လေး ကြိမ်ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိ ဘောလုံးကမ္ဘာတွင် အကောင်းဆုံး ကစားသမားများအဖြစ် သတ်မှတ် ခံထားရသော မက်ဆီနှင့်၎င်းကြား ကွာခြားချက်ကို သုံးသပ်ပြောကြား ရာ၌ စီရော်နယ်ဒိုက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
''မက်ဆီနဲ့ကျွန်တော့်ကြားမှာ အဓိကကွာခြားတာကတော့ ကျွန် တော်ဟာ ချန်ပီယံလိဂ်ဖလားတွေ ကို မတူညီတဲ့အသင်းတွေနဲ့ရခဲ့တာ ပါပဲ။နောက်ပြီး ချန်ပီယံလိဂ်ဖလား ငါးကြိမ်ရတဲ့ကစားသမားကလည်း အရေအတွက်နည်းပါလိမ့်မယ်။ချန် ပီယံလိဂ်ပြိုင်ပွဲမှာ ခြောက်ရာသီ အထိ ဂိုးသွင်းဘုရင်ဖြစ်ခဲ့သေးလို့ ဒီပြိုင်ပွဲကို ကျွန်တော်က ကိုယ်စား ပြုနိုင်မယ်လို့ ထင်ပါတယ်''ဟု ၄င်းက ပြောသည်။Ref ;Gazzetta