images
UN
UN
AFC-UEFA Assist U-16 လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကျင်းပ
Tuesday, 13 August 2019
မန္တလေးမြို့၌ လက်ခံကျင်းပ မည့် AFC-UEFA Assist U-16 လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ ရှိ Royal Mingalar Hotel ၌ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲကို ယခုလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပမည်ဖြစ်သည်။ ပြိုင် ပွဲအတွင်း မြန်မာ၊တောင်ကိုရီးယား၊ မွန်တီနီဂရိုးနှင့် အင်ဒိုနီးရှားအသင်း တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းနည်းပြ ဦးမင်းသူက အကယ်ဒမီကစား သမားများနှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ အတွေ့အကြုံနုနယ်သော်လည်း ရရှိ သည့်အချိန်အတွင်း အကောင်းဆုံး ပုံစံဖြစ်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ တောင်ကိုရီး ယား ယူ-၁၆ နည်းပြက အာရှ ဖလားခြေစစ်ပွဲမတိုင်မီ ယှဉ်ပြိုင် ရသည့်ပွဲဖြစ်၍ ၄င်းတို့အတွက် အကျိုးရှိမည့်ပြိုင်ပွဲဖြစ်ကြောင်း ပြော ကြားခဲ့သည်။
မွန်တီနီဂရိုးနည်းပြဆိုဘော့ဒန် က ယခုပြိုင်ပွဲအတွက် ဖိတ်ခေါ်ခဲ့ သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကို ကျေဇူးတင်ကြောင်းနှင့်ဖိတ်ခေါ် ပြိုင်ပွဲဖြစ်သော်လည်း နိုင်ငံကို ကိုယ် စားပြု၍ လာရောက်ခဲ့ခြင်းဖြစ်ကာ အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။ အင်ဒို နီးရှားနည်းပြကလည်း ကစားများ ၏ ခြေစွမ်းကို သုံးသပ်နိုင်မည်ဖြစ် ၍ ပြိုင်ပွဲကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။ မြန်မာအသင်း သည် အဖွင့်ပွဲစဉ်အဖြစ် အင်ဒိုနီး ရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။ ဒုတိယပွဲစဉ်အဖြစ် ယခုလ ၁၆ ရက်တွင် တောင်ကို ရီးယားနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ်အဖြစ် ယခုလ ၁၈ ရက်တွင် မွန်တီနီဂရိုးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပွဲစဉ် အားလုံးကို မန္တလာသီရိကွင်း၌ လက်ခံကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီနှင့်ညနေ ၆ နာရီတို့တွင် နှစ်ပွဲစီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ Ref ;MFF