images
UN
UN
ခရမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးကျင်းပ
မျိုးဇော်ဦး(ခရမ်း) Tuesday, 13 August 2019
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်း ခရိုင် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုံမှန်အစည်းအဝေး အား ယမန်နေ့နံနက် ၁ဝ နာရီခန့်က မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေက ပါတီမူဝါဒများ၊ စည်းရုံး ဆောင်ရွက်ရမည့်ကိစ္စများ၊ ပါတီအောင် နိုင်ရေး ကော်မတီဖွဲ့စည်းနိုင်ရေးကိစ္စများ အားချပြဆွေးနွေးကာ တက်ရောက်လာ ကြသူ မြို့နယ်ကော်မတီများက မိမိရေးရာ အလိုက်ဆောင်ရွက်ခဲ့သည်များနှင့်ပတ်သက် ၍ အခက်အခဲများ၊ အတွေ့အကြုံများ၊ အားနည်းချက် အားသာချက်များကို အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂ နာရီ၌ ပြီးဆုံးခဲ့သည်။
ဆက်လက်၍ မြို့နယ်ကော်မတီအဖွဲ့ သည် အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ကော် မတီဝင် ဦးကျော်မင်း၏ဇနီးဖြစ်သူ နှလုံးခွဲ စိတ်လူနာဒေါ်ခင်စီအား ပါတီမှထောက်ပံ့ ကြေးငွေကျပ်သုံးသိန်းအားသွားရောက်ပေး အပ်ခဲ့ကြောင်း သိရသည်။