images
UN
UN
အောင်မြေသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မူးယစ်ဆေးဝါးပပျောက်ရေးဟောပြောပွဲကျင်းပ
သုတ(မန္တလေး) Tuesday, 13 August 2019
အောင်မြေသာစံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မူးယစ်ဆေး ဝါးပပျောက်ရေးဟောပြောပွဲအား ယနေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးစိမ်းမြ ရတနာခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မန္တလေးတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဦးမျိုးမြင့်က ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်ဦးမြင့်နှင့် ပြည်ကြီး ကျက်သရေအရှေ့ရပ်ကွက် ပြည်ခိုင်ဖြိုး ပါတီ ရပ်ကွက်ဥက္ကဋ္ဌ ဒေါ်ခင်မေပိုင်တို့က မူးယစ်ဆေးဝါးသမိုင်းကြောင်း၊မူးယစ်ဆေး ဝါးအန္တရာယ်ပြစ်မှုပြစ်ဒဏ်များအကြောင်း တို့ကို ရှင်းလင်းဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီ အတွင်း ရေးမှူးဒေါ်ဝါဝါလှိုင်၊ ခရိုင်ကော်မတီဝင် ဦးညီညီမင်း၊အောင်မြေသာစံမြို့နယ်ပါတီ ဥက္ကဋ္ဌဦးကိုကိုလေး၊ မြို့နယ်ပါတီအတွင်း ရေးမှူး ဦးဆွေချစ်စိုး၊ မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ၊ လူငယ် အဖွဲ့ဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ ကြောင်းသိရသည်။