images
UN
UN
လူငယ်နှင့်ရည်မှန်းချက်
သူရအေး Tuesday, 13 August 2019
ရည်မှန်းချက်ဆိုတာ ရည်ရွယ်ချက်နှင့် မှန်းဆချက်တို့ကို ပေါင်းထားတာဖြစ်သော် လည်း ရည်ရွယ်ချက်၊ မှန်းဆချက်တို့ထက် ပိုပြီးလေးနက်တဲ့ သဘောဆောင်ပါတယ်။ ရည်ရွယ်ချက်တို့ မှန်းဆချက်တို့က မိမိလုပ် ရန်၊ဖြစ်ရန် ရည်ရွယ်မျှော်မှန်းထားတာဖြစ်ပြီး ရည်မှန်းချက်ကတော့ မဖြစ်ဖြစ်အောင်လုပ် ဖို့၊ဖြစ်ဖို့ တိတိကျကျသတ်မှတ်ထားတာ ဖြစ် လို့ ပိုပြီးလေးနက်ပါတယ်။ ရည်မှန်းချက် တိကျမှုဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ကိုး စားမှု၊အကင်းပါးမှု၊ စိတ်ကူးကောင်းမှု၊ စိတ် အားထက်သန်မှု၊ စည်းစနစ်ရှိမှုနဲ့လုံ့လ စိုက်ထုတ်မှုတို့ကို ဖြစ်ပေါ်စေပါတယ်။ ရည် မှန်းချက်တိကျမှုရှိတာနဲ့အမျှ အချိန်ကို တန်ဖိုးထားတတ်လာသလို ရည်မှန်းချက် ရောက်စေမယ့် လုပ်ဆောင်ဖွယ်ရာကိစ္စတွေ ကို တစ်နေ့တာဇယားချပြီး လုပ်တတ်တဲ့ အကျင့်လည်းပေါ်ပေါက်စေပါတယ်။ ရည်မှန်းချက်တိတိကျကျရှိသူဟာ မိမိရည် မှန်းချက်နဲ့ဆိုင်တဲ့ အခွင့်အလမ်းတွေကို အမြဲတစေစောင့်ကြည့်တတ်တယ်။ အခွင့် အလမ်းပေါ်လာတာနဲ့ မလွတ်တမ်းပိုင်ပိုင် နိုင်နိုင်ဆုပ်ကိုင်အသုံးချရဲတဲ့ သတ္တိလည်း ပိုင်ဆိုင်လာတတ်တယ်။ ရည်မှန်းချက်တိ ကျမှုဟာ အခြားသူများရဲ့ပူးပေါင်းဆောင် ရွက်မှုကိုလည်းရနိုင်တယ်။ဒါကြောင့်လူငယ် များအနေနဲ့ ရည်မှန်းချက် တိတိကျကျထားဖို့ လိုပါတယ်။
ရည်မှန်းချက်တိတိကျကျမရှိသူဟာ ပဲ့မပါတဲ့လှေငယ်နဲ့ ခရီးသွားသလို တဝဲ လည်လည်နဲ့ လိုရာခရီးကိုမရောက်ဘဲဖြစ် တတ်ကြတယ်။ တချို့က တိကျတဲ့ရည် မှန်းချက်တော့ရှိပါရဲ့။ သို့သော် လမ်းခု လတ်မှာ ယာယီရှုံးနိမ့်မှုဖြစ်ဖြစ်၊ ပြင်းထန်တဲ့ အခက်အခဲဖြစ်ဖြစ်တွေ့ရတဲ့အခါ ရည်မှန်း ချက်ကို အလွယ်တကူစွန့်ပစ်တတ်ကြ တယ်။ တကယ်တော့ ယာယီရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုအတွက်မှတ်ကျောက်ပဲ။အခက် အခဲဆိုတာ ကျော်လွှားနိုင်မှ အောင်မြင်မှု ပန်းတိုင်ကိုရောက်မယ်ဆိုတာ သဘော ပေါက်ဖို့လိုပါတယ်။ လေးစားကြည်ညို ထိုက်တဲ့ ခေါင်းဆောင်ကြီးတွေကိုကြည့်ရင် အဲဒီလိုခေါင်းဆောင်ကြီးတွေအဖြစ် ရောက် လာစေတဲ့အဓိကအကြောင်းရင်းက တိကျ ပြတ်သားတဲ့ရည်မှန်းချက်ထားရှိပြီး ရည်မှန်း ချက်အတိုင်း ပေါက်မြောက်အောင် လုပ် ဆောင်နိုင်တဲ့အရည်အချင်းရှိလို့ပဲဖြစ်တယ်။ ဒါ့ကြောင့်တိကျတဲ့ရည်မှန်းချက်ထားရှိပြီးရင် အဲဒီရည်မှန်းချက်အောင်မြင်အောင် မလျှော့ တဲ့ ဇွဲလုံ့လဝီရိယနဲ့ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်သွားဖို့လည်း လိုအပ် တယ်ဆိုတာကိုတွေ့ရပါမယ်။ ဘာကိုရည် မှန်းချက်ထားတာလဲ။ ရည်မှန်းချက်အောင် မြင်ဖို့ ဘယ်လိုအတားအဆီးတွေကို ကျော် ဖြတ်ရမလဲဆိုတာ အမြဲသတိထား ပြင်ဆင် ပြီးရဲရဲရင့်ရင့်ဆက်လက်ကြိုးပမ်းသွားမှသာ ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်များအနေနဲ့
တိကျတဲ့ရည်မှန်းချက်ထားရှိပြီး အောင် မြင်အောင် ဆက်လက်ကြိုးပမ်းသွားဖို့လည်း လိုပါတယ်။
ရည်မှန်းချက်ပန်းတိုင်ဟာ လှေတစ်စီး မှာရှိတဲ့ပဲ့ထိန်းနဲ့ အလားသဏ္ဌာန်တူတယ်။ ပဲ့ထိန်းမပါတဲ့လှေဟာ ဘယ်ကိုဦးတည် ရမှန်းမသိဘဲ မျောချင်ရာမျောပြီး ကြုံရာ ကမ်းကပ်တာမျိုး၊ သောင်တင်တာမျိုးဖြစ် တတ်တယ်။ ဒါမှမဟုတ် လေမုန်တိုင်းနဲ့ ဝဲဂယက်ကြားမှာ အလွယ်တကူ နစ်မြုပ် သွားနိုင်တယ်။ ဒီလိုပါပဲ။ လူမှာလည်း ရည် မှန်းချက်ပန်းတိုင်မရှိရင် တဝဲလည်လည်နဲ့ လိုရာမရောက်ဘဲ လမ်းပျောက်နေတတ်ပါ တယ်။ ရည်မှန်းချက် ပန်းတိုင်မရှိရင် စိတ် အလိုလိုက်ပြီး လုပ်ချင်ရာလုပ်၊ ဖြစ်ချင်တာ ဖြစ်ရင်း တဖြည်းဖြည်းဘဝ ဆုံးပါးသွားနိုင် ပါတယ်။ ဒါ့ကြောင့် ဘဝမှာ ရည်မှန်း ချက်ပန်းတိုင်ရှိဖို့လိုတယ်။ ရည်မှန်းချက် ပန်းတိုင်ရှိမှသာ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း ဆိုတာ သတ်မှတ်နိုင်မှာ ဖြစ်တယ်။ ကန် သွင်းစရာဂိုးပေါက်မရှိရင် ဘောလုံးပွဲလည်း ဖြစ်လာမှာမဟုတ်သလို အပြေးပြိုင်ပွဲမှာ လည်း ပန်းတိုင်အမှတ်အသားမရှိခဲ့ရင် အနိုင်အရှုံး ခွဲခြားသတ်မှတ်နိုင်မှာ မဟုတ် ပါဘူး။ ကိုယ်တိုင်က ဘယ်ကို ရွက်လွင့်ရ မလဲမသိရင် ဘယ်လောက် လေကောင်း ကောင်းရနေပါစေ၊ မိမိအတွက် အထောက် အကူဖြစ်မှာမဟုတ်ပါဘူး။ မိမိဘဝကိုကြုံ သလို ဖြစ်သလို မရပ်တည်ချင်ဘူးဆိုရင် ရည်မှန်းချက်ထားရမှာ ဖြစ်တယ်။ တစ် ယောက်နဲ့တစ်ယောက် ဘဝမတူသလို၊ အကြိုက်မတူသလို ရည်မှန်းချက်ချင်းလည်း မတူနိုင်ပါဘူး။ ကိုယ့်ရဲ့ ရည်မှန်းချက်က လောကကိုဆိုးကျိုးမပေးဘူး။ ကိုယ့်ဘဝ အတွက်လည်း သင့်လျော်တယ်ဆိုရင် အောင် မြင်အောင် နည်းလမ်းရှာပြီး လုံ့လစိုက်ကြိုး စားရပါမယ်။ အလွယ်တကူအရှုံးပေးတာ၊ တွေဝေတာ၊ လုံ့လဝီရိယနည်းတာတွေက တော့ ရည်မှန်းချက်ကို အဟန့်အတား ဖြစ်စေတဲ့ အကြောင်းရင်းတွေမို့ ရှောင်ရ ပါမယ်။ ဒါ့ကြောင့် လူငယ်များအနေနဲ့ မိမိ တို့ရဲ့ဘဝကို ကြုံသလိုဖြစ်သလို မလျှောက် လှမ်းဘဲ ရည်မှန်းချက်ချပြီး လျှောက်လှမ်း ဖို့လိုပါတယ်။
ကိုယ့်ရည်မှန်းချက်ကို အောင်မြင် အောင်ကြိုးစားတဲ့နေရာမှာလည်း သူတစ်ပါး ကို မထိခိုက်စေဖို့ ဂရုပြုရပါမယ်။ ကိုယ်က တော့ အောင်မြင်စေ၊ တစ်ဖက်သားကိုတော့ ရှုံးနိမ့်စေဆိုတဲ့ သဘောထားမျိုး မထားသင့် ပါဘူး။သူရောကိုယ်ပါမက အသိုင်းအဝိုင်း တစ်ခုလုံးအောင်မြင်မှ ကိုယ့်ရွာ၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံလည်း အောင်မြင်တိုးတက်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိ ခြင်းဟာ ရည်မှန်းချက်ကို အောင်မြင်စေ တာမို့ ယုံကြည်မှုရှိအောင် အမြဲနေထိုင်သင့် ပါတယ်။ အမှားနည်းအောင် သတိပြု ဆင်ခြင်ခြင်းဟာလည်း ရည်မှန်းချက် အောင်မြင်ဖို့ အထောက်အကူပြုစေပါတယ်။ အလားတူ လူချစ်လူခင်ပေါများအောင် နေထိုင်ခြင်းဟာလည်း ရည်မှန်းချက်အောင် မြင်ဖို့ အကျိုးပြုနိုင်ပါတယ်။ မိတ်ကောင်း ဆွေကောင်း ပေါများခြင်းဟာလည်း ရည် မှန်းချက်အောင်မြင်ဖို့ အကူအပံ့ဖြစ်စေ နိုင် ပါတယ်။ မိတ်ဆွေတုများကတော့ ရည်မှန်း ချက်ကို ဖျက်ဆီးနိုင်တဲ့အတွက် ရှောင်ရှား သင့်ပါတယ်။ အမှန်ကိုလည်း ညွှန်တတ်တဲ့၊ အားပေးတတ်တဲ့၊ ကူညီတတ်တဲ့ မိတ်ဆွေ ကောင်းများကသာ ရည်မှန်းချက်အောင်မြင် အောင် ကူညီနိုင်သူတွေ ဖြစ်ကြပါတယ်။
ရည်မှန်းချက်အောင်မြင်ဖို့အတွက် စည်း ကမ်းလိုက်နာသူဖြစ်ဖို့လည်း လိုပါတယ်။ တစ်ကိုယ်ရေကိစ္စများမှာ စည်းကမ်းရှိဖို့လို သလို ကျောင်းစည်းကမ်း၊ လမ်းစည်းကမ်း၊ အိမ်စည်းကမ်း၊ အလုပ်စည်းကမ်းတွေ လိုက် နာမှ တန်ဖိုးရှိသူဖြစ်ပြီး ရည်မှန်းချက် အောင်မြင်နိုင်မှာဖြစ်တယ်။ စည်းကမ်း မလိုက်နာဘဲ ပရမ်းပတာနေထိုင်ရင် အောင် မြင်တဲ့သူဖြစ်မှာ မဟုတ်သလို ရည်မှန်းချက် ရောက်အောင် ထိန်းထားနိုင်မှာလည်း မဟုတ်ပါဘူး။ဒါကြောင့် လူငယ်များအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုထားရှိပြီး မိတ် ဆွေကောင်းထားရှိခြင်း၊ စည်းကမ်းလိုက်နာ ခြင်းဖြင့် ရည်မှန်းချက်ကို ထိန်းသိမ်းသွား သင့်ပါတယ်။
''ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်'' ဆိုတဲ့စကားအတိုင်း ကြိုးစားမှသာ ရည်မှန်း ချက်အောင်မြင်မှာပါ။ လောကမှာ လူတိုင်း အစဉ်အမြဲအောင်မြင်သူမဖြစ်နိုင်ပါဘူး။ ကျရှုံးတဲ့အခါလည်း ရှိနိုင်ပါတယ်။ ဘာ အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျရှုံးသွား တဲ့အခါ၊ လဲကျသွားတဲ့အခါမျိုး သူတစ်ပါး ကိုပဲဖြစ်ဖြစ်၊ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်ဖြစ် အပြစ် တင်နေမယ့်အစား လဲကျတိုင်းပြန်ထပြီး ဆက်ကြိုးစားရမှာဖြစ်တယ်။ မဆုတ်မနစ်တဲ့ ဇွဲနဲ့ ကြိုးစားရင် ရည်မှန်းချက်ပန်းတိုင်ဆိုတာ မဝေးနိုင်ပါဘူး။ ရည်မှန်းချက်ရှိသူဟာ မရှိသူထက် ပြောဆိုဆက်ဆံရာမှာဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်ရာမှာဖြစ်စေ သာလွန် ကောင်းမွန်အောင် စွမ်းဆောင်နိုင်လေ့ ရှိပါတယ်။ဒါကြောင့်လည်း ထူးခြားကောင်း မွန်တဲ့ အကျိုးကျေးဇူးတွေကို ရည်မှန်းချက် ခိုင်ခိုင်မာမာရှိတဲ့သူတွေကသာ ရယူပိုင် ဆိုင်လေ့ရှိပါတယ်။ တစ်နေ့တာ မိမိလုပ်ခဲ့ တဲ့လုပ်ငန်းတွေကို ပြန်ဆန်းစစ်ကြည့်ရင် နံနက်မိုးလင်းတာနဲ့ ''ဒီနေ့ ဘယ်အလုပ်ကို ပြီးမြောက်အောင်လုပ်ရမယ်''လို့ ရည်မှန်း ချက်ထားလုပ်တဲ့နေ့နဲ့ ရည်မှန်းချက် မရှိဘဲ ရောက်တတ်ရာရာ လုပ်လိုက်တဲ့နေ့တွေမှာ ရလဒ်ချင်း ဘယ်လိုမှမတူနိုင်ပါဘူး။ ရည် မှန်းချက်ထားလုပ်တဲ့နေ့က လုပ်ငန်းတွေ အောင်မြင်စွာပြီးမြောက်ပေမယ့်၊ ရောက် တတ်ရာရာ လုပ်တဲ့နေ့မှာတော့ ဘယ် လုပ်ငန်းကိုမျှရေရေရာရာမပြီးမြောက်တာ ကို တွေ့ရမှာဖြစ်ပါတယ်။ဒါအပြင် ရည်မှန်း ချက်နဲ့ပတ်သက်ပြီး တချို့က ရည်မှန်း ချက်ပျောက်နေတယ်လို့ ပြောတတ်တာ ကြားရဖူးပါတယ်။ အမှန်က ရည်မှန်းချက် ပျောက်တယ်လို့ မပြောသင့်ပါဘူး။ မိမိ ကိုယ်တိုင်တိတိကျကျ ရည်မှန်းချက်မထား ရှိဖြစ်သေးတာ၊ တစိုက်မတ်မတ် ကြိုးစား အားထုတ်မှုမရှိသေးတာ သာဖြစ်ပါတယ်။ မိမိကိုယ်တိုင်က ဘာလိုချင်မှန်း၊ ဘာဖြစ်ချင် မှန်း၊ ဘာကိုရှာဖွေနေမှန်း မသိရင်တော့ လိုချင်တာပေးဖို့ စောင့်ကြည့်နေတဲ့ လောက ကြီးက သင့်ကို ဘာမှပေးစွမ်းနိုင်မှာ မဟုတ် ပါဘူး။ ဒါကြောင့် လူငယ်များအနေနဲ့ တိကျတဲ့ရည်မှန်းချက်ထားရှိဖို့လိုသလို မဆုတ်မနစ်တဲ့ဇွဲလုံ့လနဲ့ ရည်မှန်းချက် အောင်မြင်အောင် ကြိုးစားသွားကြဖို့လည်း လိုမှာဖြစ်ပါတယ်။
မိမိတို့ရဲ့ရည်မှန်းချက်ဟာ ခိုင်မာတိကျ တဲ့ ရည်မှန်းချက်ဖြစ်ဖို့အတွက် လုပ် ဆောင်သင့်တာကတော့ အဓိကအကျဆုံး ရည်မှန်းချက်ကို စာအုပ်ထဲမှာ ရှင်းရှင်း လင်းလင်းပြည့်ပြည့်စုံစုံ ချရေးလိုက်သင့် ပါတယ်။ ပြီးရင် ဦးနှောက်ထဲစွဲနေအောင် အကြိမ်ကြိမ် ရွတ်ဆိုပေးသင့်ပါတယ်။ အဲဒီ ရည်မှန်းချက် အကောင်အထည်ဖော်အောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့အစီအစဉ်ကို လည်း ချရေးဖို့လိုပါတယ်။ အစီအစဉ်ထဲမှာ ရည်မှန်းချက်ရယူနိုင်မယ့်အချိန်ကာလနဲ့ ဘာတွေပြင်ဆင်ရမယ် ဆိုတာတွေပါ ထည့် ရေးသင့်ပါတယ်။ အစီအစဉ်ကိုပြောင်းလွယ် ပြင်လွယ်ဖြစ်အောင်လည်း ရေးဆွဲဖို့ လိုပါ တယ်။ အဲဒီနောက် ရည်မှန်းချက် ပြည့်ဝစေ မယ့် အစီအစဉ်တွေကို စိတ်ထဲမှာ သေချာ စွာ မှတ်သားထားပြီး ယုံကြည်မှုအပြည့်နဲ့ ဆက်လက်အကောင်အထည်ဖော်သွားရမှာ ဖြစ်ပါတယ်။ဒီလိုဆောင်ရွက်ရာမှာ လိုက်နာ ရမယ့်အချက်တွေကတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့နဲ့ သူတစ်ပါးကို အားကိုးချင်တဲ့