images
UN
UN
ကျောင်းအဆင့်တိုးမြှင့်ရာတွင်လည်း ကျောင်းသားဦးရေကို ကန့်သတ်ချက်သတ်မှတ်ချက်များကိုကြည့်ရမည်ဖြစ် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ဟာ တက္ကသိုလ်ဝင်တန်းမအောင်မြင်ခဲ့သည်မှာ နှစ်ပေါင်း ၁ဝ နှစ်ကျော်လာပြီဖြစ်
Tuesday, 13 August 2019
၂ဝ၁၉ ခုနစ် သြဂုတ် ၁၃ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ခြောက်လတာကာလလုပ်ငန်းဆောင်ရွက်ခဲ့မှုအစီရင်ခံစာ တင်သွင်းခဲ့သည့်အပေါ်လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးတို့ ဆွေးနွေးခဲ့ ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မချမ်းဘောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနန်မွန်ထင်က ပါဝင်ဆွေးနွေးခဲ့ပြီး ¤င်း၏မဲဆန္ဒနယ်ဒေသတွင်း အခြေအနေများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခြင်းနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား သိရှိလိုကြောင်း ၄င်းကဆွေးနွေးခဲ့ခြင်းကို ဖော်ပြအပ်ပါသည်။

ရိုသေလေးစားအပ်ပါသော ပြည် ထောင်စုလွှတ်တော် နာယကကြီးနဲ့ ပြည် ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ် စားလှယ်များအားလုံး ရွှင်လန်းချမ်းမြေ့ပါ စေကြောင်း ဦးစွာဂါရဝပြု နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ် မချမ်းဘောမြို့နယ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးနန်မွန်ထင် ဖြစ်ပါတယ်။
နာယကကြီးခင်ဗျား
ကျွန်တော့်အနေနဲ့ အမျိုးသားပညာ ရေး မူဝါဒကော်မရှင်ရဲ့ ခြောက်လတာ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် အကြံပြုထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အစီရင်ခံစာကို လေ့လာ ကြည့်တဲ့အခါ အခန်းရှစ်ခန်း ကဏ္ဍ အလိုက်လုပ်ငန်းဆောင်ရွက်မှုကို အသေး စိတ်ဖော်ပြသည်ကို တွေ့ရှိရပါတယ်။
ကဏ္ဍတိုင်းတွင် အားနည်းချက်၊ အားသာ ချက်များရှိသည်ကို လေ့လာတွေ့ရှိရပါ သည်။ သုံးသပ်မိပါတယ်။
ဆက်လက်၍ ကျွန်တော့်အနေနဲ့ အခြေခံပညာရေးကဏ္ဍနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးလိုပါတယ်။ အစီရင် ခံစာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးများသို့ မူဝါဒကော်မရှင်၏ လက်တွေ့ကွင်းဆင်းလေ့လာသည့် အခြေ ခံပညာကျောင်းများ၏ အခြေအနေကို ကြည့်ပါက ကျောင်းအရေအတွက်နှင့် ကျောင်းသားဦးရေ အခြေအနေတို့ကို လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ကျောင်းသားဦးရေ အနည်းဆုံး ၁ဝ မှ ၂ဝ အထိရှိသော မူလတန်းကျောင်းများ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်း တွင်ရှိနေကြောင်း လေ့လာတွေ့ရှိရပါ တယ်။
နာယကကြီးခင်ဗျား
ကျွန်တော်တို့ ကချင်ပြည်နယ် အချို့ တောင်ပေါ်ဒေသများတွင် တစ်ကျောင်း တွင် ကျောင်းသားဦးရေ လေးဦးငါးဦး သာရှိသော ကျောင်းများလည်းရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ၄င်းကျောင်း များသည် တစ်ကျောင်းနှင့်တစ်ကျောင်း ၁ဝ မိုင်၊ မိုင် ၂ဝ ဝေးပြီး လမ်းပန်းဆက် သွယ်ရေး ခက်ခဲသောကြောင့် စု၍သင်၍ လည်းမရပါ။ ထို့ကြောင့် မူအရ ကျောင်း သား ဆရာ အချိုး ခွဲဝေရာတွင် ဤကဲ့သို့ ကျောင်းများကိုြ>ွခင်းချက်အနေဖြင့် မူတစ်ခုချမှတ်သင့်ကြောင်း အကြံပြု ဆွေးနွေးလိုပါတယ်။ ကျောင်းအဆင့် တိုးမြှင့်ရာတွင်လည်း ကျောင်းသားဦးရေ ကို ကန့်သတ်ချက်၊ သတ်မှတ်ချက်များကို ကြည့်ရမည်ဖြစ်သော်လည်း ဝေးလံခက်ခဲ သော တောင်ပေါ်ဒေသကိုြ>ွခင်းချက်အနေ ဖြင့် ကြည့်ပေးသင့်ကြောင်း အကြံပြု ဆွေးနွေးလိုပါတယ်။
နာယကကြီးခင်ဗျား
အစီရင်ခံစာ စာမျက်နှာ ၂၄ တွင် အခြေခံပညာ သင်ယူရန် အခွင့်အလမ်း လွန်စွာနည်းပါးသည့် ဝေးလံခေါင်ဖျား ဒေသများတွင် အခွင့်အလမ်းသာတူညီမျှ ရရှိစေရန် ဆောင်ရွက်ရမည်ဟုပါသည်ကို ထောက်ခံပါသည်။ အချို့ဒေသများတွင် (စာစစ်ဌာန) တက္ကသိုလ်ဝင်တန်းစာမေးပွဲ လုံးဝ မအောင်မြင်သော ကျောင်းများ လည်းရှိကြောင်း တွေ့ရှိရပါသည်။ ဥပမာ ကျွန်တော်တို့ ကချင်ပြည်နယ် ခေါင်လန် ဖူးမြို့နယ်ဟာ တက္ကသိုလ်ဝင်တန်းမအောင် မြင်ခဲ့သည်မှာ နှစ်ပေါင်း ၁ဝ နှစ်ကျော် လာပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထိုသို့ မအောင်မြင်ရခြင်းမှာ သင်ကြားနေ ဆရာ၊ ဆရာမတွေ လိုသလား၊ မိဘတွေ လိုသလား၊ ဘာတွေကူညီပေးရမလဲ ဆန်း စစ်ကူညီပေးသင့်ကြောင်း အကြံပြုလိုပါ တယ်။
နာယကကြီးခင်ဗျား
ဒါကြောင့် ပညာရေးမူဝါဒ ချမှတ် ရာတွင် ဒေသမရွေး တစ်နိုင်ငံလုံးလွှမ်းခြုံ နိုင်သောမူဝါဒများ ချသင့်ကြောင်း အကြံ ပြုလိုပါတယ်။ ပညာရေးကောလိပ်၊ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ် များဝင်ခွင့်စာမေးပွဲတွင် ဝေးလံခေါင်ဖျား ဒေသမှ ကလေးများသည် စာမေးပွဲရမှတ် သတ်မှတ်ချက် မမီသော်လည်း လျှော့ပေါ့ ပေးသင့်ကြောင်းအကြံပြုလိုပါတယ်။ထိုသို့ မဟုတ်လျှင်ဝေးလံခက်ခဲသောဒေသသည် မည်သည့်အခွင့်အလမ်းမှ ရနိုင်စရာ မရှိ ပါဟု အကြံပြုရင်း နိဂုံးချုပ်ပါတယ်။