images
UN
UN
စစ်တွေမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စစ်ဘေးရှောင်များအတွက် လိုအပ်သောပစ္စည်းများထောက်ပံ့
Tuesday, 13 August 2019
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးဒုက္ခသည်များအား စစ်တွေ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့က လိုအပ်သည်များ ထောက်ပံ့ပေးခဲ့သည်။ စစ်တွေမြို့ အလိုတော်ပြည့် ကျောင်းတိုက်တွင် ခိုလှုံရောက်ရှိ နေကြသော ရသေ့တောင်မြို့နယ် မြသီတာကျေးရွာမှ စစ်ဘေးဒုက္ခ သည် ၆ဝ ကျော်အတွက် စစ်တွေ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်၊ မြို့နယ်အတွင်း ရေးမှူးဦးဘိုသံဒိုင်နှင့် မြို့နယ်ကော် မတီဝင်များ၊မြို့နယ်အမျိုးသမီးရေး ရာတာဝန်ခံဒေါ်သန်းသန်းရီနှင့်အမျိုး သမီးရေးရာအဖွဲ့ဝင်များမှစစ်ဘေး ရှောင်ဒုက္ခသည်များထဲတွင်ပါဝင်သည့် သက်ကြီးရွယ်အိုအဘိုးအဘွားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ် များအတွက် စားနပ်ရိက္ခာပစ္စည်း များ၊ အဝတ်အထည်များ၊ အသက် လေးဆယ်အရွယ် လစေ့ကိုယ်ဝန် ဆောင်မိခင်တစ်ဦးမွေးဖွားရန် လို အပ်မည့်မိခင်နှင့် ကလေးအတွက် အဝတ်အထည်များ၊အသုံးအဆောင် ပစ္စည်းများကိုသွားရောက်ထောက် ပံ့ကူညီပေးခဲ့ကြသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားရာနေရာမှ ဒေသခံရခိုင်ပြည်သူလူထုမှာ ဘေး လွတ်ရာသို့ ထွက်ပြေးခိုလှုံလျက် ရှိရာလက်ရှိအချိန်မှာစစ်ဘေးရှောင် စခန်း ၅ဝကျော်အထိရှိနေပြီး စစ် ဘေးရှောင်ဒုက္ခသည် ခြောက် သောင်းကျော်အထိ ရှိနေကြောင်း သိရသည်။ နိုင်စေရန်