images
UN
UN
ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြစ်ကမ်းပြို အိမ်ထောင်စုများသို့ ကူညီထောက်ပံ့
Tuesday, 13 August 2019
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၏ ညွှန်ကြားမှုအရ ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စု အထက်ကဇင်းတောကျေးရွာတွင်သဘာဝဘေးဒဏ်ကြောင့် မြစ်ကမ်းပါးပြိုကျသော အိမ် ထောင်စု ၄ဝ အတွက် ဆန်နှင့်ဆီများ လှူဒါန်းကူညီမှုကို ယမန်နေ့နံနက် ၁ဝ နာရီက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းကူညီရာသို့ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်း၊ နယ်မြေတာဝန်ခံ ဦးအောင်မျိုးမြတ်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးဝန်ထမ်းများ လိုက်ပါကူညီခဲ့ကြသည်။ မောင်ခိုင်ဖြိုး(ပန်းတနော်)