images
UN
UN
ကျောက်ကြီးမြို့နယ် နယ်မြေခံ ခလရ(၆ဝ)တပ်ရင်း စစ်သည် မိသားစုများမှ တန်ဖိုးသင့်ကြက်ဥ ထမင်းနှင့်ဟင်း ရောင်းချ
Tuesday, 13 August 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ဆားတန်းရပ်ကွက် စည်ပင်သာယာဈေးအနီး မြို့မရဲစခန်းရှေ့၌ ယနေ့နံနက် ၁ဝ နာရီတွင် နယ်မြေခံခြေမြန်တပ်ရင်း စစ်သည် မိသားစုများမှ တန်ဖိုးသင့်ကြက်ဥ၊ ထမင်းနှင့်ဟင်းရောင်းချ ပေးခဲ့ကြောင်း သိရသည်။တန်ဖိုးသင့် ထမင်းနှင့်ဟင်း ရောင်းချ ရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂)စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာ မှူး ဒုတိယဗိုလ်မှူးကြီး အောင်စိုးမင်းစီစဉ် ညွှန်ကြားမှုဖြင့် နယ်မြေခံ ခလရ (၆ဝ) တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဘုန်းနိုင်ကျော်နှင့် ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူးလှိုင်ကျော်ထွန်း ဦးဆောင်ပြီး စစ်သည်မိသားစုများက တပ်ရင်းစိုက်ပျိုး ရေးခြံမှ ရရှိသော ဟင်းသီးဟင်းရွက်များ၊ မွေးမြူရေးမှရရှိသော ဝက်သား၊ ကြက် သားနှင့် ကြက်ဥများအား ကျောက်ကြီး မြို့နယ်အတွင်း ဒေသခံပြည်သူများအတွက် တန်ဖိုးသင့်ထမင်းနှင့် ဟင်းများချက်ပြုတ် ကာ လာရောက်ရောင်းချပေးခဲ့သည်။
ယခုကဲ့သို့ ဒေသခံပြည်သူများအတွက် တန်ဖိုးသင့်ကြက်ဥ၊ ထမင်းနှင့်ဟင်းရောင်း ချမှုအား လစဉ်တိုင်း လာရောက်ရောင်းချ သွားမည်ဖြစ်ကြောင်း ခလရ(၆ဝ)တပ်ရင်း မှ ဌာနချုပ်တပ်ခွဲမှူး ပြောကြားသည်။