images
UN
UN
စစ်တောင်းမြစ်နှင့် ငဝန်မြစ်တို့သည် စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေသဖြင့် အထူးသတိပြုနေထိုင်ရန်ထုတ်ပြန်
Tuesday, 13 August 2019
မြန်မာနိုင်ငံတွင် မိုးသည်းထန် စွာ ရွာသွန်းမှုများကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ စစ်တောင်းမြစ်နှင့် ငဝန်မြစ်တို့ သည် စိုးရိမ်ရေမှတ်ထက်ကျော် လွန်နေသဖြင့် မဒေါက်မြို့နှင့် သာ ပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များအနေဖြင့်အထူးသတိပြုနေထိုင် ကြရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်းအဆိုပါသတင်း ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ် ရေသည် မဒေါက်မြို့တွင် နှစ်ပေခွဲ ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေပြီး လက်ရှိ ရေမှတ်မှ နောက်နှစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းနိုင်ကာ ယင်း မြို့၏ စိုးရိမ်ရေမှတ်အထက် ဆက် လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
အလားတူ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏စိုးရိမ် ရေမှတ်သို့ ရောက်ရှိနေပြီး နောက် နှစ်ရက်အတွင်း ပေဝက်ခန့် တက် လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက် ဆက်လက်တည်ရှိ နိုင်ကြောင်း သိရသည်။