images
UN
UN
ကော့ကရိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဦးဆောင်မှုဖြင့် ရေနစ်မြုပ်ကျေးရွာအား ဆန် ငါးသေတ္တာနှင့် ခေါက်ဆွဲခြောက်များ သွားရောက်လှူဒါန်း
ခင်နီနီအောင် Tuesday, 13 August 2019
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြောက်ဘက်ခြမ်းရှိတစ်ရွာလုံး ရေကြီးနစ်မြုပ် နေသော ဒေါဖျာကျေးရွာသို့ ကော့ကရိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ပြည်သူများအားလုံးမှ လှူဒါန်းရရှိငွေမှာ ငွေကျပ်သိန်း ၄၈၃ဝဝဝ ဖြစ်သည်။
အဆိုပါ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ဒေါဖျာကျေးရွာရှိ အိမ်ခြေ(၁၈၁)အား ဆန်၊ ငါးသေတ္တာနှင့် ခေါက်ဆွဲကြော်များ သွားရောက်လှူဒါန်းပေးခဲ့သည်။
အဆိုပါ လှူဒါန်းမှုသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးအောင်မြင့်သိန်း၊ ကော့ ကရိတ်ခရိုင် ပါတီအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမင်းဇော်ဇော်လတ်၊ အတွင်းရေးမှူး ဦးမျိုးသန့်နှင့်အဖွဲ့များ၊ လူငယ်ပါတီ ဝင် ၂ဝ တို့က လုပ်အားဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။