images
UN
UN
ဇလွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်များ ဇလွန်ပြည်တော်ပြန်ဘုရားတွင် စုပေါင်းတံမြက်စည်းလှည်း သန့်ရှင်းရေးပြုလုပ်
စည်သူဇော်(ဇလွန်) Tuesday, 13 August 2019
ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်ခရိုင်လူငယ်ရေးရာတာဝန်ခံ ဒေါ်ထားထားလှိုင်၊ ဇလွန်မြို့နယ် ပြည်ခိုင် ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်မြင့် ကြည်၊ မြို့နယ်ကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဦးစည်သူဇော်၊ မြို့နယ်ကော်မတီ ဝင် ဦးရှိန်းထက်ခေါင်၊ ကွန်ပျူတာဆရာမ ဒေါ်ခိုင်ယုမွန်တို့က ဦးဆောင်၍ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ဖွင့်လှစ်သော ကွန်ပျူတာ အခြေခံသင်တန်း တက်ရောက်နေသော သင်တန်းသား သင်တန်းသူ ၂ဝ တို့က ဇလွန်မြို့ မာန်အောင်မြင်ပြည်တော်ပြန် ဘုရားဖူးကာ ဘုရားကြီး ရင်ပြင်ကုန်းတော် ဆောင်းတန်းများအတွင်း စုပေါင်းတံမြက် စည်းလှည်း သန့်ရှင်းရေးလုပ်၍ လုပ်အား ဒါန ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။