images
UN
UN
ယာယီနေရပ်စွန့်ခွာပြည်သူများအား ကြက်ခြေနီမှကူညီ
ချစ်မိုး(RC) Friday, 16 August 2019
နောင်ချိုမြို့နယ်ရှိ ကျောက် ကြမ်းကျေးရွာ၊ လောက်ဖန်းကျေး ရွာ၊ သဖန်းကိုင်ကျေးရွာ၊ ကုန်းဆုံ ကျေးရွာနှင့် လုံရုံးကျေးရွာတို့မှ အိမ်ထောင်စုများသည် နောင်ချို ဘုန်းတော်ကြီးကျောင်းတွင် ယမန် နေ့က ယာယီခိုလှုံလျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း နောင်ချိုမြို့နယ်ကြက်ခြေနီအသင်း ခွဲမှ ကြက်ခြေနီစေတနာလုပ်အား ရှင် ၁၇ ဦးတို့သည် ယာယီနေရပ် စွန့်ခွာပြည်သူများကို အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းနှင့် ဘေးလွတ်ရာသို့ ကူညီရွှေ့ ပြောင်းခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အပြင် ကျောက်မဲခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင် မောင်သိန်းနှင့်ကြက်ခြေနီစေတနာ လုပ်အားရှင်နှစ်ဦးတို့သည် အရေး ပေါ်လူနာတစ်ဦးအား မန္တလေး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။