images
UN
UN
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ခြင်းအား မြစ်ကြီးနားတွင် ကန့်ကွက်ဆန္ဒဖော်ထုတ်
Friday, 16 August 2019
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ပြင်ဆင်ခြင်းအား ကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာဘောလုံး အားကစားကွင်းပတ်လမ်း၌ စုရပ်ပြုလုပ်ရာ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်းမြို့နယ်တို့မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မျိုးချစ်စိတ်နှင့် နိုင်ငံချစ်စိတ်ရှိသူ ပြည်သူများ၊ စိတ်ပါဝင် စားသူပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဦးငွါးတား၊ ဦးဘရန်ရှောင် နှင့် ဦးခင်မောင်အေးတို့က ဦးဆောင်ကာ ငြိမ်းချမ်းသာယာ အားကစားကွင်းပတ် လမ်းမှတစ်ဆင့်သခင်နက်ဖေလမ်း၊ အောင် ဆန်းလမ်း၊ စီတာပူလမ်းတို့မှတစ်ဆင့် မနောကွင်းပတ်လမ်း၊ ဆွမ်းပရာဘွမ်း လမ်းမကြီးသို့ ချိုးကွေ့ပြီး ၄င်းမှတစ်ဆင့် ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း ဝင်ရောက်ခဲ့ကြပြီး လမ်းတစ်လျှောက်တွင် အခြေခံဥပဒေ ၅၉(စ) ကာကွယ်စောင့် ရှောက်ရေး ဒို့အရေး၊ နိုင်ငံတော်အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ အမျိုးဘာသာသာသနာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပုဒ်မ ၂၆၁အား ဥပဒေနှင့်အညီ ပြင်ဆင်ရေး ဒို့အရေး၊ နိုင်ငံသားမဟုတ် သူများ လွှမ်းမိုးမည့်အကြံ ဒို့လက်မခံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်)ပါ အရေးကြီး ပုဒ်မများမပြင်ဆင်ရေး ဒို့အရေး စသည့် ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည် ခဲ့၍ ငြိမ်းချမ်းသာယာကွင်းအတွင်း ပြန် လည်ဝင်ရောက်လာပြီး မိမိတို့နေရပ်အသီး သီးသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မိုဃ်းကျ(မြစ်ကြီးနား)