images
UN
UN
ကျုံပျော်မြို့၌ ရှေ့တန်းပြန် တပ်မတော်သားများအား မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကကြိုဆို
Friday, 16 August 2019
ဧရာဝတီတိုင်းဒေသကြီး ကျုံ ပျော်မြို့၌ စစ်ဆင်ရေးတာဝန်များ အားထမ်းဆောင်ခဲ့ပြီး ပြန်လည် ရောက်ရှိလာသည့် အမှတ်(၃၆) ခြေလျင်တပ်ရင်း ကျုံပျော်မြို့မှ အရာရှိစစ်သည်များ ဦးစီးပြီး ရှေ့တန်းပြန်အရာရှိ တပ်မတော် သားများအား ယမန်နေ့မွန်းလွဲ ၂ နာရီက ကျုံပျော်မြို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရေကြည်မြို့တို့မှ လာရောက် ကြို ဆိုဂုဏ်ပြုကြောင်း သိရသည်။
ရှေ့တန်းပြန်တပ်မတော်သားများကိုကြိုဆိုရာတွင် အင်းရဲလမ်းဘက်မှ ကျုံပျော်မြို့ ဗိုလ်ချုပ်မိန်းလမ်းမ မင်္ဂလာလမ်းအတိုင်း စတင်ပြီး ရှေ့တန်းပြန်တပ်မတော်သားများချီတက်လာမည့် မဏိရတနာရာမကျောင်းရှေ့တွင် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဌာနဆိုင်ရာ များ၊ နယ်မြေခံတပ်ရင်းမှအရာရှိများ၊ စစ်သည်များနှင့်မိသားစုဝင်များ၊ ကျုံပျော် မြို့မစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူနှင့် ကျောင်းသားကျောင်းသူများက သောင်းသောင်းဖြဖြကြိုဆိုကာ အိုးစည်ဝိုင်းအဖွဲ့များက တောင်တန်းပြာက သိပါစေ သီချင်းဖြင့် ဂုဏ်ပြုကြိုဆိုကြောင်း သိရသည်။
အဆိုပါ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားအရာရှိ ၁၂ ဦး၊ တပ်မတော်သား ၈၈ဦးကို ဂုဏ်ပြုပန်းကုံးများစွပ်ပေးခြင်း၊ ပန်းစည်းကမ်းခြင်း၊ စားဖွယ်သောက်ဖွယ်အချိုရေဘူးများကမ်းပေးခြင်းနှင့် ကြိုဆိုသူ ၅ဝဝ ခန့်မှ ဝမ်းသာကြောင်းနှင့် မေတ္တာများ ပို့ပေးကြောင်း သိရသည်။ ဆန်းတင့်(ရေကြည်)