images
UN
UN
ကွမ်းခြံကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပရဟိတအသင်းသို့ ငွေလှူဒါန်း
Friday, 16 August 2019
ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှမုဒိတာလူမှုပရဟိတအသင်း သို့ ယမန်နေ့ ညနေ ၆ နာရီခွဲက ငွေလှူဒါန်းခဲ့သည်။
လက်ရှိ ဖြစ်ပေါ်နေသည့် ရေ ဘေးကယ်ဆယ်ကူညီရေးလုပ်ငန်း များတွင်
အသုံးပြုနိုင်ရန်SM- 008 အရေး ပေါ်ရေပြင်သက်ကယ်လှေတစ်စင်း အတွက် တန်ဖိုးငွေကျပ် သုံးသိန်း အားမြို့နယ်ပါတီဥက္ကဋ္ဌဦးတင်လင်း နှင့်ပါတီအတွင်းရေးမှူး ဦးဌေးလှိုင် တို့က သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ လှူဒါန်းမှုနှင့် ပတ် သက်ပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးတင်လင်းက ''ပါတီ၏မူဝါဒမှာ လည်း ပြည်သူ့အကျိုးပြုလုပ်ငန်း တွေမှာ ကျရာအခန်းကဏ္ဍတွေက နေ ပါဝင်ဆောင်ရွက်ရမယ်ဆိုတာ ညွှန်ကြားထားပြီးသားပါ။ ကိုယ် ကိုယ်တိုင် သွားရောက်မကူညီနိုင် ပေမယ့် သွားရောက်ကူညီနေတဲ့ သူတွေကို အားဖြည့်ခြင်းဖြင့် ရေ ဘေးနဲ့ကြုံနေတဲ့ ပြည်သူတွေကို ကူညီစောင့်ရှောက်တဲ့ သဘော ပါ''ဟု ပြောသည်။
လှူဒါန်းခြင်းနှင့် ပတ်သက်၍ မုဒိတာလူမှုပရဟိတအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က ကျေးဇူးတင်စကား ပြောကာ အလှူငွေအား အသင်း တာဝန်ရှိသူများက လက်ခံခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ယခု နှစ်အတွင်း ပရဟိတကူညီဆောင် ရွက်မှုများနှင့်ပတ်သက်၍ အရေး ပေါ် ရှေးဦးပြုစုနည်းအခြေခံသင် တန်း(၁/၂ဝ၁၉)ကို ဖွင့်လှစ်ပေးခဲ့ ပြီး အသင်းအားCPR အရုပ်နှင့် အရေးပေါ်သက်ကယ်ရှပ်ပြေးယာဉ် တစ်စင်းတန်ဖိုးငွေကျပ်ခြောက်သိန်း ကို လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြတ်ဟိန်းကျော်(ကော့မှူး)