images
UN
UN
စဉ့်ကိုင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောင်းသားကျောင်းသူများသို့ ဗလာစာအုပ်များလှူဒါန်း
ထွန်းနိုင်(စဥ့်ကိုင်) Saturday, 17 August 2019
စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သင်တောင်းငယ် ကျေး ရွာ၊ မြင်းယဉ်ကျေးရွာနှင့်ရွာရှည်ကျေးရွာမှ (ထက်၊လယ်၊မူ) ကျောင်းသားစုစုပေါင်း ၂ဝ၉ ဦးအတွက် ဗလာစာအုပ်များ၊ လေးကြောင်းမျဉ်းစာအုပ်များ စုစုပေါင်း ၄၁၈ အုပ်အား ယမန် နေ့ကအိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ရာ ခရိုင်ပါတီ ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကြည်ပြုံး၊ အတွင်းရေးမှူးဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်/ကျေး အဖွဲ့များ၊ လူငယ်များက 'ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက် အစီအစဉ်'ဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။