images
UN
UN
လုံခြုံရေးအခြေအနေစိုးရိမ်ခြင်းကြောင့် ကျောက်မဲနှင့် သီပေါမြို့ရှိ ကျောင်းနှင့်ဈေးများ နေ့တစ်ဝက်ပိတ်
Saturday, 17 August 2019
ကျောက်မဲမြို့နှင့်သီပေါမြို့များ တွင် လုံခြုံရေးအခြေအနေစိုးရိမ်ရ ခြင်းကြောင့် ကျောင်းများနှင့်ဈေး များအား နေ့ဝက်ပိတ်ခဲ့ရသည့် အပြင် မြို့နေပြည်သူများကြားတွင် စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း ဒေသခံအချို့ထံမှသိရသည်။
ကျောက်မဲမြို့အဝင်တွင် ယမန် နေ့ည ၁ဝနာရီကျော်ခန့်က တိုက် ပွဲဖြစ်ပွားသည့်အသံများ ကြားခဲ့ရ ပြီးနောက် မြို့ပတ်ဝန်းကျင်တွင် အပြန်အလှန်ပစ်ခတ်သည့်အသံများ ကို တစ်ညလုံးနီးပါး ကြားခဲ့ရ ကြောင်း ကျောက်မဲမြို့ခံများထံမှ စုံစမ်းသိရသည်။ ယနေ့နံနက်ပိုင်း မှစတင်ကာ ကျောက်မဲမြို့အားလက်နက်ကိုင်ပူးပေါင်းအဖွဲ့များက မွန်း လွဲပိုင်းတွင် တိုက်ခိုက်မှု ပြုလုပ်မည်ဆို သောကောလာဟလသတင်းများထွက်ပေါ် လာပြီးနောက်တွင် မြို့ပေါ်ရှိ ကျောင်းများ ကို နေ့ဝက်ပိတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လုံခြုံရေးအခြေအနေစိုးရိမ်ရခြင်း ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရှိ ဈေးများကိုလည်း မွန်းလွဲ ၃ နာရီတွင် အပြီးပိတ်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကျောက်မဲမြို့တွင် နေထိုင် သူ တစ်ဦးဖြစ်သော နန်းနွမ်းယဉ်က ''ညက ၁ဝ နာရီခွဲလောက်မှာ လားရှိုး-မူဆယ်ကား လမ်းရှိတဲ့ မြို့အဝင်ဘက်မှာ တိုက်ပွဲဖြစ်သံ တွေ ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်တဲ့အသံတွေလည်း ကြားရတယ်။ မြို့အဝင်မှာရှိတဲ့ တပ်မတော်တပ်ရင်းဌာန ချုပ်ကို လာပစ်တာလို့ ကြားတာပဲ။ တစ်ညလုံးလည်း မြို့အနောက်ဘက် မိုင်း ငေါ့သွားတဲ့လမ်းပေါ်မှာလည်း တိုက်ပွဲဖြစ် သံတွေ ကြားရတယ်။ မနက်ပိုင်းရောက် ကတည်းက မြို့ကိုလာတိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။ မိဘတွေက ကျောင်းတက်နေတဲ့သားသမီးတွေကို သွား ခေါ်ကြသလို ကျောင်းတွေကလည်း နေ့ တစ်ဝက်နဲ့ပိတ်လိုက်ကြတယ်။ ဈေးတွေ ကိုလည်း မွန်းလွဲ ၃ နာရီအပြီး ပိတ်ခိုင်း လိုက်တယ်။ မြို့ပေါ် မှာ လူသွားလူလာကို မရှိဘူး။ အားလုံးက ကိုယ့်အိမ်မှာ ကိုယ် နေပြီးဘာဖြစ်မလဲစိုးရိမ်နေကြတယ်။ မြို့ အဝင်မှာလည်းတပ်မတော်ကမြို့ဝင်မြို့ထွက် တွေကိုစစ်ဆေးနေတယ်''ဟုပြောသည်။
သီပေါမြို့တွင်လည်း ကျောက်မဲမြို့ကဲ့ သို့ပင် သောင်းကျန်းသူများက လာရောက် တိုက်ခိုက်မည်ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်တွင် ကျောင်းများနှင့် ဈေးများကို နေ့တစ်ဝက် ဖြင့်သာ ပိတ်သိမ်းခဲ့ကြောင်းဒေသခံများ ထံမှ သိရသည်။ NG