images
UN
UN
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Saturday, 17 August 2019
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဝက်ထိုးကျေး ရွာ အထက(ခွဲ) ဝက်ထိုးတွင် ယနေ့နံနက်ပိုင်းက အနောက်တောင် တိုင်းစစ်ဌာနချုပ် အမှတ်(၄) စစ်မြေပြင်တပ်ရင်း တပ်မတော်နယ် လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၄) စစ်မြေပြင်တပ်ရင်း တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ဗိုလ်ကြီးရှိန်းမိုးဦးဆောင် သောအဖွဲ့မှ ဝက်ထိုးကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၅၅ ဦးခန့်၏ အထွေထွေကျန်းမာရေးများအား စမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးဝါးများပေးခြင်းများနှင့် ဆေး ကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အေးကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက လိုအပ်သည်များ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ နိုင်လင်း(KGD)