images
UN
UN
လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ စစ်ဘေးရှောင်သူ နှစ်ရာကျော်ခန့် လာရောက်ခိုလှုံ
Saturday, 17 August 2019
လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းသို့ ယနေ့တွင် စစ်ဘေးရှောင်သူ နှစ်ရာကျော်ခန့် ရောက်ရှိခိုလှုံခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့မွန်းလွဲပိုင်းတွင် မန်ဆူရှမ်းကျောင်းသို့ စစ်ဘေးရှောင်သူ ၂၇၅ ဦးခန့် ရောက်ရှိလာ ကြောင်း၊ ရောက်ရှိလာသူများကို မန်ဆူရှမ်းကျောင်းဆရာတော်ဦးဆောင်ကာ အခြားတာဝန်ရှိသူများနှင့် ကျွေး မွေးစောင့်ရှောက်ထားကြောင်း မန်ဆူရှမ်းကျောင်း၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ပြင်ဦးလွင်မြို့အဝင်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်၊ နောင်ချိုမြို့ရှိမူးယစ်ဆေး ဝါးစစ်ဆေးရေးဂိတ်နှင့်ဂုတ်တွင်းရှိ လုံခြုံ ရေးကင်းစခန်းများကို AA လက်နက်ကိုင်အဖွဲ့၊TNLA လက်နက်ကိုင်အဖွဲ့နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အပြီးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များအား အဆို ပါလက်နက်ကိုင်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်မှု ပြုလုပ်မည်ဆိုသော ကောလာ ဟလသတင်းများ ထွက်ပေါ်လာပြီးနောက် တွင် လုံခြုံရေးစိတ်မချရသည့်ဒေသများ တွင်နေထိုင်သည့်ဒေသခံများသည် မြို့ပေါ် သို့ ပြောင်းရွှေ့ခိုလှုံလာကြခြင်းဖြစ်သည်။
လားရှိုးမြို့ပေါ်တွင်လည်း ယနေ့နံနက် ပိုင်းမှစတင်ကာလက်နက်ကိုင်အဖွဲ့များ က တိုက်ခိုက်မှုပြုလုပ်မည်ဆိုသောသတင်း များထွက်ပေါ်လျက်ရှိသည်ဟု ဒေသခံများ ထံမှစုံစမ်းသိရှိရသည်။ မန်ဆူရှမ်းကျောင်း သို့ ရောက်ရှိလာသူများအတွက် အစား အသောက်များနှင့်အခြားပစ္စည်းများလှူဒါန်း လိုပါက မန်ဆူရှမ်းကျောင်းဆရာတော်နှင့် တာဝန်ရှိသူများထံလာရောက်လှူဒါန်းနိုင် သည်ဟုသိရသည်။ လုံခြုံရေးအခြေအနေ စိုးရိမ်ရခြင်းများကြောင့်မန်ဆူရှမ်းကျောင်း အပါအဝင် လားရှိုးမြို့ပေါ်သို့ ရှောင်တိမ်း ခိုလှုံသူ တိုးပွားလာနိုင်သည်ဟုလည်း လားရှိုးမြို့ခံများထံမှ သိရသည်။
NG