images
UN
UN
မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့သို့ ဖိုက်ဘာစက်လှေတစ်စင်းလှူဒါန်း
ရွှေမြင့်ဦး(ရွှေပြည်သာ) Saturday, 17 August 2019
KT CARE FOUNDATION ရန်ကုန်မှ ၂၂ ပေ စက်တပ်လှေတစ်စင်း အား ယနေ့နံနက်ပိုင်းက မော်လမြိုင်လူမှု ကယ်ဆယ်ရေးအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် သည့်နေရာများတွင် အသုံးပြုနိုင်ရန် KT CARE FOUNDATION(ရန်ကုန်)မှ ၂၂ ပေ x ၃ ပေ စက်တပ်ဖိုက်ဘာလှေတစ်စင်း အားဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်တစ်ဦး က လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
''ဒီမနက် ၉ နာရီလောက်က ဖောင် ဒေးရှင်းကမိတ်ဆွေတစ်ယောက် လာလှူ သွားတာပါ။ ကျွန်တော်တို့အဖွဲ့မှာက ကား တွေပဲရှိတာ၊ စက်လှေတစ်စင်းမှမရှိဘူး။ အခုစက်လှေရပြီဆိုတော့ ရေလမ်းကြောင်း တွေမှာပါသုံးလို့ရပြီ။ အခုရတဲ့စက်လှေက ပစ္စည်းတင်လို့သယ်လို့ရတဲ့စက်လှေဖြစ် ပါတယ်''ဟု မော်လမြိုင်လူမှုကယ်ဆယ် ရေး အဖွဲ့မှကိုကျော်စွာဟိန်းက ပြည်သူ့ ဘဝဂျာနယ်သို့ပြောသည်။