images
UN
UN
နေရပ်စွန့်ခွာ တိုင်းရင်းသားများဟုဖော်ပြခဲ့မှု အစိုးရအာဘော်မဟုတ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများကို အရေးယူသွားမည်ဟု ဦးဇော်ဌေးပြော
ကိုကိုလွင် Saturday, 17 August 2019
ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဆောင်ရွက်ချက်ပါ သတင်းဖော်ပြ မှု၌ နေရပ်စွန့်ခွာသွားသည့် တိုင်း ရင်းသားများဆိုသည့် စကားရပ်မှာ အစိုးရ၏ မူဝါဒမဟုတ်ကြောင်းနှင့် ယင်းကိစ္စအပေါ် စုံစမ်းစစ်ဆေးမှု များလုပ်ဆောင်နေပြီး ဌာနဆိုင်ရာ အရေးယူဆောင်ရွက်မှုများလုပ်ဆောင် နေသည်ဟု သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုရှင်းလင်းသည်။
ယမန်နေ့ ညနေ ၄ နာရီခွဲက နိုင်ငံတော် သမ္မတ အိမ်တော် သတင်းစာရှင်းလင်းပွဲ၌ အဆိုပါ ကိစ္စအား နိုင်ငံတော်အစိုးရမှ မည်သို့သော ရှင်းလင်းမှုများ လုပ် ဆောင်ထားခြင်းနှင့် မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ မှား ယွင်းကြောင်း သိရှိရပါသလား ဟူသည့်မေးမြန်းမှုနှင့်အတူ မည်သို့ အရေးယူ ဆောင်ရွက်ထားသည်ကို သိရှိလိုသည့် NEWS WEST သတင်းဌာန၏ မေးမြန်းမှုအား ဦးဇော်ဌေးက ပြန်လည်ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။
''အဓိကကကတော့သတင်းစာ သုံးစောင်နဲ့ ရုပ်မြင်သံကြားမှာ မှား ယွင်းသွားတဲ့အချက် ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နံပါတ်တစ် ပြော ချင်တာကတော့ ဒီအသုံးအနှုန်း ဝေါဟာရက နိုင်ငံတော်အစိုးရရဲ့မူ၊ နိုင်ငံတော်အစိုးရရဲ့ အာဘော် လုံးဝ မဟုတ်ပါဘူး။ဒုတိယအချက်အနေ နဲ့  ဒီကိစ္စကို ကျွန်တော်တို့ စိစစ်ပါ တယ်။ အဓိကကတော့ ဆောက် လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူ တွေ၊ နောက်ပြန်ကြားရေးဝန်ကြီး ဌာနက တာဝန်ရှိသူတွေ ခေါ်ယူ မေးမြန်းပြီးစိစစ်ပါတယ်။ စိစစ်တဲ့ အခါမှာ ဒီသတင်းကို စတင်ရေး သားတဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနကလည်း တာဝန်ရှိပါတယ်။ နောက်တစ်ခါ ဒီသတင်းကို တည်း ဖြတ်ပြီးတော့ သတင်းစာမှာဖော်ပြ ဖို့ တာဝန်ရှိတဲ့ ပြန်ကြားရေးဝန်ကြီး ဌာနမှာလည်း တာဝန်ရှိပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ဒီဟာကို မှားယွင်းကြောင်း မနေ့က ကြေညာထားပြီး ဖြစ်ပါတယ်။တတိယအချက်ကတော့ ဒီသတင်း ဌာနနှစ်ခုမှာ စကားလုံးမှားယွင်းပြီး တော့ တင်ပြခဲ့လို့ ထင်မြင်အမှား တွေ ဖြစ်သွားတဲ့အတွက် တာဝန်ရှိ သူတွေကို ဌာနဆိုင်ရာ စစ်ဆေး အရေးယူမှုတွေ လုပ်ခိုင်းထားပါ တယ်။ လက်ရှိကာလမှာ စုံစမ်း စစ်ဆေးရေးတွေ လုပ်နေပါတယ်။ ဌာနဆိုင်ရာအရေးယူမှု လုပ်မှာဖြစ် ပါတယ်''ဟု ၄င်းက ဖြေဆိုရှင်း လင်းခဲ့သည်။
အဆိုပါသတင်းမှာဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ဆောင်ရွက်ခဲ့သည့် သတင်းစာသား မှားယွင်းဖော်ပြခဲ့မှု အား ယခုလ ၁၂ ရက် ညတွင် ပါရှိသည့် MRTV သတင်းနှင့် ယခုလ ၁၃ရက် နိုင်ငံပိုင် သတင်း စာတို့တွင် ပါရှိခဲ့ခြင်းဖြစ်ပြီး ယင်း ကိစ္စရပ်အပေါ် စုံစမ်းစစ်ဆေးနေပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန် ရှိသူတို့နှင့် ပြန်ကြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတို့အား ဌာန ဆိုင်ရာ အရေးယူ ဆောင်ရွက်မှု လုပ်ဆောင်သွားမည် ဖြစ်သည်။