images
UN
UN
တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Saturday, 17 August 2019
မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ် လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယမန်နေ့က မင်းဘူးခရိုင် ငဖဲမြို့ နယ် ပဒါန်းကျေးရွာအုပ်စု တိုက် နယ်ဆေးရုံ၌ အခြေပြု၍လည်း ကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ငဖဲမြို့နယ် ပင်ဦးကျေး ရွာ ကျေးလက်ကျန်းမာရေးဌာန၌ လည်းကောင်း၊ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူစုစု ပေါင်း ၁၆၄၁ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက် လက်ဆောင်ရွက်ပေးသည်။ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၄င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာငါးဦးနှင့်အထွေထွေခွဲစိတ်လူနာကိုးဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင်ဓာတ်မှန်ရိုက်လူနာ ၉၁ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန် ရိုက်လူနာ ၉၅ ဦး၊ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာကိုးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်စစ်ဆေး ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ WT