images
UN
UN
မော်ကျွန်းဈေးမီးသတ်ရေကန် မြေပေါ်အမြင့်တစ်ပေခွဲသာ ထားရှိပေးရန် ဈေးသူ ဈေးသားများလိုလား
Sunday, 18 August 2019
မော်လမြိုင်ကျွန်းမြို့ ၁၁လမ်း ထိပ်အောင်သာယာဈေး (က)ရုံ ဆိုင်ခန်းအမှတ် ၁ဝ၆မှ၁ဝ၉အထိ ဈေးသူဈေးသားများ၏ ဆိုင်ခန်း ရှေ့တည့်တည့်တွင် မြေအောက် မီးသတ်ရေကန် တစ်ကန်ရှိရာ မြေပေါ်မူလအမြင့်ပေ တစ်ပေခွဲရှိ ရာမှသွပ်ပြားအမြင့်တစ်ပေခွဲနှင့် သံချောင်းဝါးထရံကာ တစ်ပေခွဲ စုစုပေါင်းလေးပေခွဲအထိ ဆိုင်ရှေ့ မျက်နှာစာတွင် တိုးမြှင့်ကာရံ လိုက်သဖြင့် ဆိုင်များ မျက်နှာစာ ပိတ်ကာ ဈေးအရောင်းအဝယ် များစွာ ထိခိုက်လျက်ရှိပါသည်။
ယင်းမြေအောက်မီးသတ်ရေ ကန်များကို မြို့ပေါ်ရပ်ကွက်များ တွင်လည်း မြေပေါ်အမြင့် တစ် ပေခွဲသာရှိကြပါသည်။ ယခုမူ မလိုအပ်ဘဲ မြေပေါ်အမြင့် လေးပေခွဲအထိ အမြင့်တင်ကာရံ ထားသဖြင့် ဈေးရောင်းဈေးဝယ် ထိခိုက်လျက်ရှိနေပါ၍ အောင် သာယာ ဈေးသူဈေးသားများ ဈေးရောင်းဈေးဝယ် အဆင်ပြေ ချောမွေ့စေရေးအတွက် မြေ အောက်မီးသတ်ရေကန်ကို မြေ ပေါ်အမြင့်တစ်ပေခွဲသာထားရှိ ပေးပါရန် ဈေးသူဈေးသားများ က လိုလားလျက်ရှိနေသည်။
ဈေးသူဈေးသားများ