images
UN
UN
ခြောက်လမှ ငါးနှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေး
လင်းလင်းထွန်း Monday, 19 August 2019
ကလေးငယ်များအား ဗီတာ မင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များဖြစ်နိုင်ရေးအတွက် အသက်ခြောက်လမှ ငါးနှစ်အ တွင်း ကလေးငယ်များကို ဗီတာ မင်အေတိုက်ကျွေးခြင်းကို မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်း မြို့နယ် (၇) ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ဗီတာမင်အေပြည့်ဝသော ကလေးများသည် ပုံမှန်ကြီးထွား ဖွံ့ဖြိုးခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း၊ မျက်ဝန်းများ တောက်ပရွှန်းစို၍ မျက်စိအမြင်အားကောင်းခြင်း၊ ဗီတာမင်အေချို့တဲ့သော ကလေး များသည် ပုံမှန်မကြီးထွားနိုင်ခြင်း၊ မကြာခဏဖျားနာတတ်ခြင်း၊ ရောဂါဖြစ်လျှင်ပြင်းထန်ပြီးအသက် အန္တရာယ်ကြုံတွေ့နိုင်ခြင်း၊ ကြက် မျက်သင့်ရောဂါဖြစ်တတ်ခြင်း နှင့်အပြင်တိမ်စွဲ၍မျက်စိကွယ်တတ် ခြင်း စသည့်ရောဂါများဖြစ်နိုင် ကြောင်း သိရသည်။