images
UN
UN
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း ကျန်းမာရေးအသိပညာပေးဆွေးနွေးဟောပြော
အောင်မြတ်လင်း Monday, 19 August 2019
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့၌ပဲခူးတိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ တို့မှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း ပွဲနှင့် ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက ကျင်းပရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသ ကြီးအမျိုးသမီးရေးရာအဖွဲ့နှင့်မိခင် နှင့်ကလေးစောင့်ရှောက်ရေးကြီး ကြပ်မှုအဖွဲ့အတွင်းရေးမှူးဒေါ်မိုး သူဇာကျော်နှင့် ပဲခူးခရိုင်ဥက္ကဋ္ဌ ဒေါ်ရတနာတင်မြင့်ထွန်းနှင့်အဖွဲ့ ဝင်များ၊ ဝေါမြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်အဲမွန်စိုးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့်တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေး မှူးဒေါ်မိုးသူဇာကျော်က အဖွင့် အမှာစကားပြောကြားသည်။ ယင်း နောက် ဝေါမြို့ သစ်စက်ရပ်ကွက်ရှိ ဘူတာရုံရေဘေးကယ်ဆယ်ရေး စခန်းရှိ ရေဘေးသင့်ပြည်သူများ အတွက် အိမ်ထောင်စု ၁၅ စုမှ ကျား ၂၅ ဦး၊ မ ၄ဝ တို့အား တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ နှင့် ထောက်ပံ့ရေးပစ္စည်းများပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။