images
UN
UN
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည့် ပလတ်စတစ်ကြွပ်ကြွပ်အိတ် သုံးစွဲမူလျှော့ချရေးအသိပညာပေးဆောင်ရွက်
သန်းနိုင်ဦး(ငဖဲ) Monday, 19 August 2019
မြို့နယ်အဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြီးကြပ်မူကော်မတီ ၏ကြီးကြပ်မှုဖြင့် ပေါက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်ကြွပ်ကြွပ်အိတ် သုံးစွဲမှု လျှော့ချရေးအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက (အဋ္ဌမအကြိမ်)မြောက်အဖြစ် ပေါက် မြို့စည်ပင်သာယာဈေးနှင့် နိဗ္ဗာန်ဈေးအတွင်းရောင်းချသည့် ဈေးရောင်းဈေးဝယ်များအား သဘာဝပတ်ဝန်းကျင်ကို ညစ် ညမ်းစေသည့်ပလတ်စတစ်ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချစေ ရေးအသိပညာပေးဆောင်ရွက်မှုအနေဖြင့် ကြွပ်ကြွပ် အိတ် အစား အင်ဖက်၊ ငှက်ပျော ဖက်၊သတင်းစာစက္ကူ စသည်များ အစားထိုးအသုံးပြုစေရေးနှင့် ပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဝင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်း ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။