images
UN
UN
အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ချယ်ရီစိုး(ကျောင်းကုန်း) Monday, 19 August 2019
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့ နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား မှုမရှိစေရေး၊ ကြိုတင်ကာကွယ်သည့်အနေ ဖြင့် ခြင်နှင့် ပိုးလောက်လမ်းများ ပေါက် ပွားမှုမရှိစေရန်ရည်ရွယ်၍ ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ် ရေးခြင်ဆေးဖျန်းခြင်းနှင့် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁ဝ နာရီမှစတင်ကာ အင်းစိန်မြို့နယ် အထက(၈)နှင့် အမက(၇)ကျောင်းများသို့ ဆောင်ရွက်ခဲ့သည်။
ခြင်ဆေးဖျန်းခြင်းနှင့်စုပေါင်း သန့်ရှင်း ရေးဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်ရာအိမ်မှူးများ၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းအုပ် နှင့်ဆရာမများ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ ကျောင်းများသို့ခြင်ဆေးဖျန်း ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့သည်။
ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်း ရှိ ကျန်ရှိနေသော ကျောင်းများကိုလည်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။