images
UN
UN
မကြေညက်တဲ့ အစားအစာဟာ အဆိပ်ပဲ မပြည့်မစုံ မမှန်မကန်သိတဲ့အသိဟာလည်း အဆိပ်ပဲ
ချောင်းဆုံအုန်းသွင် Monday, 19 August 2019
မြတ်စွာဘုရားက လောဘကို အကုသိုလ်လို့ဆိုတော့ လောဘကိုပါယ် ရမယ်။ တိုးတက်ဖို့ဆို လောဘရှိရမယ်။လောဘမရှိရင် တိုးတက်မှုမရှိတော့ဘူး လို့ပြောတဲ့သူက ပြောကြတယ်။ အဲဒါ ဆရာ ဘယ်လိုသဘောရသလဲ။
ကိုတင်ဝင်းက စာရေးသူကို မေးပါ သည်။ စာရေးသူက-
အဲဒီလိုပြောသူများကို အကြမ်းအား ဖြင့်သုံးမျိုးသုံးစားခွဲခြားလို့ရတယ်။ပထမ အမျိုးကဗုဒ္ဓရဲ့အယူကိုလုံးဝမသိသူ၊ဒုတိယ အမျိုးကသိပေမယ့် အချို့နေရာတွေမှာ လွဲမှားသိနေသူ၊ တတိယအမျိုးက သိချင် သိမယ်၊ မသိချင်နေမယ်၊ ဒါပေမဲ့ ဗုဒ္ဓ ဝါဒကို လက်မခံသူတို့ဖြစ်တယ်။
လောဘဆိုတာ ပါဠိစကား၊ မြန်မာလို တော့ လိုချင်တပ်မက်ခြင်းလို့ အဓိပ္ပာယ် ရတယ်။
အဲဒီလောဘကိုအကြမ်းအားဖြင့်သာမန် လူသားအတွေးဖြင့် သုံးစားခွဲနိုင်တယ်။
(၁) အကြမ်းစားလောဘ။
(၂) အလတ်စားလောဘ။
(၃) အနုစားလောဘရယ်လို့ပေါ့။
အကြမ်းစားလောဘက သူတစ်ပါး စည်းစိမ်ဥစ္စာကိုမိမိရဲ့စည်းစိမ်ဥစ္စာဖြစ်ချင် တဲ့လောဘ။ အဲဒီလိုဖြစ်ဖို့အတွက် ဘယ် လိုမတရားတဲ့နည်းနဲ့ပဲဖြစ်ဖြစ် ယူမယ်ဆို တာမျိုးပေါ့။ လိမ်ယူမယ်၊ ခိုးယူမယ်၊ တိုက်ယူမယ်၊ သတ်ယူမယ်ပေါ့။ ဒါကို ပါဠိလိုအဘိဇ္ဇာလို့ခေါ်တယ်။ မကောင်းမှု ဒုစရိုက် ၁ဝ ပါးထဲမှာပါတယ်။ ဝိသမ လောဘလို့လည်း ခေါ်တယ်၊ မတရား လောဘပေါ့။
အဲဒီလောဘမျိုးကိုမြတ်စွာဘုရားက ဘယ်သူ့ကိုမှမဖြစ်ဖို့တားမြစ်ထားတယ်။
အလတ်စားလောဘက တိုးတက်မှု အတွက်ရှိရမယ်။ တိုးတက်ချင်ရင် တိုး တက်မှုအတွက် မရှိမဖြစ်တဲ့ လိုအပ်တဲ့ လောဘပဲ။ စင်စင်ကြယ်ကြယ်ရရှိဖို့ အတွက် ရိုးရိုးသားသားကြိုးစားတာကို ဘုရားကအားပေးတယ်။
မြတ်စွာဘုရားကပြောတယ်။ လူမှာ မျက်စိနှစ်ဖက်ရှိရမယ်။ တစ်ဖက်က ကြီး ပွားတိုးတက်ဖို့လုပ်ငန်းလမ်းစဉ်ကို သိနိုင် တဲ့အသိÓဏ်မျက်စိ၊ ကျန်တစ်ဖက်က ကုသိုလ်၊ အကုသိုလ်၊ အကောင်းအဆိုး အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိÓဏ်မျက်စိတဲ့။
ကြီးပွားတိုးတက်ဖို့ပဲသိပြီး အကောင်း အဆိုးမသိသူ၊ အကောင်းအဆိုးပဲသိပြီး ကြီးပွားတိုးတက်ဖို့ မသိသူများဟာ တစ် ဖက်ကန်းပဲတဲ့။
အဲ့ နှစ်မျိုးစလုံး မသိသူကို နှစ်ဖက် ကန်း၊ လူ့ အန္ဓ-တဲ့။
တစ်ခါက မြတ်စွာဘုရားရာဇဂြိုဟ် ပြည်တွင်းမှာ နောက်ပါသံဃာတော်တွေနဲ့ ဆွမ်းခြံ<ွကတယ်။ အဲဒီမှာ အသက် ၈ဝ ကျော်အရွယ် ဆုတောင်းစား(သူတောင်း စား) လူအိုဇနီးမောင်နှံကိုတွေ့တယ်။ တုန် တုန်ချိချိနဲ့ မယိုင်မလဲအောင် တစ်ယောက် ကိုတစ်ယောက်ကိုင်တွဲပြီးသွားနေကြတယ်။ သူတောင်းစားဆိုလို့ တောင်းစားလို့မရ ဘူး။ ဘယ်သူမှမပေးဘူး၊ ဒီတော့ သူ တစ်ပါးစားမကုန်လို စွန့်ပစ်ထားတဲ့ ထမင်းကျန်၊ ဟင်းကျန်များကို လိုက်လံ ကောက်စားနေရတယ်။
သူတို့ဇနီးမောင်နှံဟာ တစ်ချိန်တုန်း က နှစ်ဖက်ပေါင်း အသပြာကုဋေ ၁၆ဝြ<ွကယ်ဝတဲ့သူဌေးကြီးတွေ။ သူဌေးကြီးရဲ့ မိဘတွေက သားတစ်ယောက်တည်းဖြစ် လို့ ငါတို့ရဲ့စည်းစိမ်ဥစ္စာဟာ ငါတို့ရဲ့သား ၁ဝ သက်စားမကုန်ဘူး။ ဒီတော့ အပင် ပန်းခံပြီးအတတ်ပညာမသင်ပါစေနဲ့တော့ဆို ပြီး ပျော်ပျော်ပဲနေစေတယ်။ အြေ>ွခအရံ၊ အထိန်းတော်တွေနဲ့၊ စောင်းငြင်း၊ ပတ်သာ တူရိယာတွေ၊ ကချေသည်တွေနဲ့ အပျော် ကြီးပျော်ပြီးနေခဲ့ရတယ်။
သူဌေးကတော်ရဲ့ မိဘများကလည်း တစ်ဦးတည်းသောသမီးမို့ စိတ်ကြိုက် ပျော်အောင် ထားခဲ့တယ်။ ဘာအသိပညာ မှ မပေးခဲ့ဘူး။
သူဌေးချင်းကရင်းနှီးတော့ အရွယ် ရောက်ကြတဲ့အခါ ထိမ်းမြားပေးကြ တယ်။ နှစ်ဖက်မိဘများဆီမှာ ဆက်ပြီး ပျော်နေခဲ့ကြတယ်။ မိဘများရှိတော့ မူလ အြေ>ွခအရံတွေကလွဲပြီး ပြင်ပကပ်ပါးတွေ မဝင်နိုင်ဘူး။

နှစ်ဖက်မိဘတွေ ကွယ်လွန်သွားကြ တော့ နှစ်ဖက်စည်းစိမ်ပေါင်းလိုက်တာ ကုဋေ ၁၆ဝဖြစ်သွားတယ်။ ဆက်ပျော်နေ တာပေါ့။ ဒီတော့ ကပ်ပါးတွေကသူတို့ဆီ ကညာစားဖို့အကြံထုတ်ကြတယ်။ အဲဒီမှာ သေသောက်သမားတွေဟာ သူတို့ရဲ့အြေ>ွခ အရံတွေကတစ်ဆင့် ချဉ်းကပ်လာတယ်။
ပထမသေရည်ကို ချိုအောင်၊ မွှေး အောင်ဖန်တီးပြီး သူဌေးလင်မယားကို တိုက်ကြတယ်။ အနံ့လည်းမွှေး၊ အရသာ လည်းကောင်းတော့ သူဌေးလင်မယား က သောက်ကြတယ်။ သောက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ မူးတူးတူး၊ ရီတီတီ အရသာက သူဌေးလင်မယားကို ဖမ်းစား လိုက်တယ်။ ကြာတော့သူဌေးလင်မယား ဟာ ယစ်ထုပ်ကြီးတွေဖြစ်ပြီး ပစ္စည်းဥစ္စာ ကို ပြန်ကြည့်ရမှန်းမသိတော့ဘူး။
အဲဒီမှာ အြေ>ွခအရံ၊ အစေအပါးတွေ ရော၊ သူရာသမားတွေရော ပစ္စည်းဥစ္စာ ရတနာတွေကို ခိုးယူ၊ ဖွက်ယူကြတယ်။ ကြာတော့ကုန်ရော သူဌေးလင်မယား အသက်၈ဝနီးတော့ အိမ်ပါရောင်းရ တယ်။ အိမ်ရောင်းရငွေလည်း မကြာခင် ကုန်ရော။ ဒီတော့ အပေါင်းအသင်းအြေ>ွခ အရံ အစေခံတွေဆီ သွားတယ်။ ဘယ်သူ မှ လက်မခံဘူး မောင်းထုတ်တယ်။ ဒါနဲ့ ခွက်ဆွဲပြီး တောင်းစားပြန်တော့လည်း ဒါလောက်မိုက်မဲတဲ့လူမျိုး ငတ်သေတာ ကောင်းတယ်ဆိုပြီး ဘယ်သူမှမပေး ဘူး။ ဒါနဲ့ စားမကုန်လို့ လမ်းဘေးပစ် ထားတဲ့ ထမင်းကျန်၊ ဟင်းကျန်များ လိုက်ကောက်စားရင်း လမ်းဘေးနဲ့ဇရပ် ကို အိမ်လုပ်ရင်း နေခဲ့ရတာ။
သူတို့ကိုကြည့်ပြီး မြတ်စွာဘုရားက ရဟန်းများကို ချစ်သားတို့ ဒီသူဌေး လင်မယားဟာ တကယ်လို့ ပထမအရွယ် (အသက်၂၅နှစ်အထိ)မှာ စီးပွားဥစ္စာကို ကြိုးစားပြီးရှာမယ်ဆိုရင် ပထမတန်းစား သူဌေးဖြစ်နိုင်တယ်။ (အမွေကိုဘေးဖယ် ထား) တရားကျင့်မယ်ဆိုရင် ရဟန္တာဖြစ် နိုင်တယ်။
ဒုတိယအရွယ်မှာ စီးပွားရှာရင် ဒုတိယတန်းစား သူဌေးဖြစ်နိုင်တယ်။ (၂၆နှစ်မှ ၅ဝအထိ)တရားကျင့်မယ်ဆိုရင် သဂဒါဂါမ် အနာဂါမ်ဖြစ်နိုင်တယ်။
တတိယအရွယ်မှာ (၅၁နှစ်မှ ၇၅ အထိ)မှာ စီးပွားရှာရင် တတိယတန်းစား သူဌေးဖြစ်နိုင်တယ်။ တရားကျင့်ရင် သောတာပန်ဖြစ်နိုင်တယ်။
အခုစတုတ္ထအရွယ် (၇၆နှစ်မှ၁ဝဝ အထိ)မှာ အသက် ၈ဝကျော်ပြီ ဘာမှ မလုပ်နိုင်တော့ဘူး။ ဘာမှလည်း မဖြစ် နိုင်တော့ဘူး။ အတောင်ကျွတ်ကုန်တဲ့ ကြိုးကြာအိုကြီးတွေလို သေမယ့်အချိန်ကို စောင့်ဖို့ပဲရှိတော့တယ်လို့မိန့်ကြား တော်မူ တယ်။ ဒီတော့မြတ်စွာဘုရားဟာ တိုး တက်အောင်စီးပွားရှာဖို့ အားပေးတယ်ဆို တာ ထင်ရှား တဲ့သာဓကပဲ။
ဒီနေရာမှာ တစ်ခုမှတ်ဖို့က စီးပွားပဲ ရှာရှာ၊ တရားပဲရှာရှာ၊ ငယ်လေကောင်း လေဆိုတာပဲ။ ဒီတော့ တတိယအရွယ်မှာ တရားရှာဆိုတာ မလုပ်နဲ့။ သေမင်းက အချိန်မရွေးခေါ်မှာ။
ဒီတော့ ဘုရားဟာ အားလုံးအတွက် ဝိသမလောဘကိုတားတယ်။ လောကီ ချမ်းသာ ကြီးပွားတိုးတက်ဖို့အတွက် အလတ်စား (သမ္မာလောဘ = ကောင်း သော၊ မှန်သော။ လိုချင်မှု)ကို အားပေး တယ်ဆိုတာထင်ရှားပြီ အနုစားလောဘ ကတော့အာရုံငါးပါးကာမဂုဏ်တရားမှာ လိုချင်စွဲလမ်းမှုပဲ။ အာရုံငါးပါးဆိုတာ (၁)အဆင်း၊(၂)အသံ၊(၃)အနံ့၊(၄)အရသာ၊ (၅)အထိအတွေ့ပဲ။ ဒါကိုကာမဂုဏ်လို့ ခေါ်တယ်။ ကာမနဲ့ ဂုဏ်ကိုပေါင်းပြီး ကာမဂုဏ်လို့ဖြစ်နေတာ။ ကာမက လိုချင်စရာ၊ ဂုဏ်က အနှောင်အဖွဲ့။

နှစ်သက်စရာအဆင်းကိုမြင်ပြီး နှစ် သက်စွဲလမ်းတာ မျက်စိထဲကမထွက် ဘူး။ မတွေ့ရလည်း မျက်စိမှိတ်ထား လည်းမြင်နေတာပဲဆိုတာမျိုးပေါ့။
အမြဲ မြင်ချင်နေတယ်ပေါ့။ အသံလည်း သာယာတဲ့အသံကလေးကြားရရင် နားထဲ ကမထွက်ဘူး။ အမြဲကြားချင်နေတယ်။ နှစ်သက်တဲ့အနံ့ဆိုရင်လည်းဒီလိုပဲ။ ကြိုက်တဲ့အရသာဆိုရင်လည်းစားပြီးရင်း စားချင်၊ သောက်ပြီးရင်းသောက်ချင်နေ တာပေါ့။ နူးညံ့တဲ့အထိ အတွေ့ဆိုရင် လည်းမခွာချင်တော့ဘူးပေါ့။ သူလည်း လွန်ကဲလာရင် အားထုတ်ရမှုတွေရှိလာ တာပေါ့။ မမှန်ကန်တဲ့အားထုတ်မှုမျိုး ဆိုရင်တော့ဘုရားကတားတယ်။
မင်္ဂဖိုလ်ရကြောင်းကျင့်ကြံအားထုတ်သူ များအဖို့ ဒီအနုစားလောဘတောင်မဖြစ် အောင်ဆို့ပိတ်ဖို့ မြတ်စွာဘုရားက ညွှန် ကြားတယ်။နိဗ္ဗာန်သွားရာမဂ်လမ်းကြောင်း၊ မဂ်တခါးကိုမပွင့် အောင်တားဆီးထားတဲ့ ကန့်လန့်ကြီး ငါးချောင်းထဲကတစ်ချောင်း ပဲ။ ကာမ ဆန္ဒနီဝရဏလို့ခေါ်တယ်။
ဒီတော့ဗုဒ္ဓဘာသာဟာ လောကီချမ်း သာတရားသဖြင့်ကြီးပွားတိုးတက်အောင် အားထုတ်ရာမှာ အဟန့်အတားမဖြစ်တဲ့ အပြင် တွန်းအားတောင်ဖြစ်တယ်လို့ ယုံ ကြည်လက်ခံပါ။
မြတ်စွာဘုရားရဲ့ ရောင့်ရဲလွယ်ရမယ် ဆိုတဲ့ ညွှန်ကြားချက်ဟာ ရသမျှနဲ့ကျေနပ် နေပြီး ရှေ့မတိုးအောင်၊ မတိုးတက်အောင် ဟန့်တားထားတာပဲလို့လည်းပြောကြသေး တယ်ဆရာဟု ကိုတင်ဝင်းကထပ်ပြော ပြန်သည်။ စာရေးသူက အဲဒါလောကီ စီးပွားရှာနေတဲ့လူတွေကိုပြောတာမဟုတ် ဘူး။ လောကုတ္တရာစီးပွား၊ တရားရှာနေ သူတွေကိုပြောတာ။ အထူးသဖြင့်ရဟန်း တွေကိုပြောတာ။ မေတ္တသုတ်နိဒါန်းမှာ ရဟန်းများအတွက်ဖြည့်ဆည်းထားပြီး ပြည့်စုံနေရမယ့်အချက် ၁၅ချက်ရှိတယ်။ အဲဒါတွေက
(၁) ကိုယ့်အသက်၌ ငဲ့ကွက်ခြင်းမရှိ၊ သစ္စာတရားကိုသိခြင်းငှာစွမ်းဆောင် နိုင်သူလည်းဖြစ်ရာ၏။
(၂) ဖြောင့်မတ်သော ကိုယ်(ကာယကံ) ရှိသည်လည်း ဖြစ်ရာ၏။
(၃) ဖြောင့်မတ်သော စိတ်ရှိသည်လည်း ဖြစ်ရာ၏။
(၄) ဆိုဆုံးမလွယ်သည်လည်းဖြစ်ရာ၏။
(၅) နူးညံ့သည်လည်းဖြစ်ရာ၏(သိမ်မွေ့)။
(၆) မာန်ထောင်လွှားခြင်းမရှိသည်လည်း ဖြစ်ရာ၏။
(၇) ပစ္စည်းလေးပါးတို့(၁-ဆွမ်း၊ ၂-သင်္ကန်း၊ ၃-ဆေး၊ ၄-ကျောင်း)၌ ရောင့်ရဲလွယ်သည်လည်းဖြစ်ရာ၏။
(၈) မွေးမြူလွယ်သည်လည်းဖြစ်ရာ၏။
(၉) နည်းသော အမှုကိစ္စရှိသည်လည်း ရှိရာ၏။
(၁ဝ) ပေါ့သော အသက်မွေးမှုရှိသည် လည်းဖြစ်ရာ၏။
(၁၁) ငြိမ်သက်သော စက္ခုစသည့် ဣနြေ္ဒ ရှိသည်လည်းဖြစ်ရာ၏။
(၁၂) ရင့်သော ပညာရှိသည်လည်း ဖြစ် ရာ၏။
(၁၃) ကိုယ်နှုတ်နှလုံး ကြမ်းကြုတ်မှုမရှိ သည်လည်းဖြစ်ရာ၏။
(၁၄) ဒါယကာတို့၌ တပ်မက်မောမှုမရှိ သည်လည်းဖြစ်ရာ၏။
(၁၅) အကြင်ကာယစသော သုံးပါးသော ဒုစရိုက်ကြောင့် ပညာရှိတို့ကဲ့ရဲ့ ကုန်ရာ၏။
အနည်းငယ်မျှဖြစ်သော်လည်း ထိုဒု စရိုက်ကို မကျင့်ရာဆိုတာတွေပဲ။ အဲဒီမှာ ပစ္စည်းလေးပါးမှာ ရောင့်ရဲလွယ်ရမယ်လို့ ဆုံးမထားတယ်။ ဒါယကာ ဒါယိကာမ တွေလောင်းတဲ့၊ ကျွေးတဲ့ဆွမ်းကိုစား၊ ကိုယ်စားချင်တာတောင်း မစားနဲ့။ လှူတဲ့ သင်္ကန်းကိုဝတ်၊ CYCမှတို့ ဘာတို့ မလုပ်နဲ့။ လှူတဲ့ဆေးကိုမှီဝဲ၊ လှူတဲ့ ကျောင်းမှာနေ၊ ရသမျှနဲ့ ကျေနပ်လို့ပြော တာ။ ဒီအဆုံးအမကို မလိုက်နာရင် ဒါယကာဒါယိကာမတွေ အကြည်ညို ပျက်မယ်။ သာသနာမှေးမှိန်မယ်။ ဒါ ကြောင့်မြတ်စွာဘုရားက ရဟန်းတွေကို ရောင့်ရဲလွယ်ဖို့ဆိုဆုံးမထားတာ။ အဲဒါကို မဆီမဆိုင်လောကီအကျိုးစီးပွားမတိုး တက်အောင်အဟန့်အတားဖြစ်စေတယ် လို့ စွပ်စွဲတာ။
မကြေညက်တဲ့အစားအစာဟာအဆိပ် ပဲ။ မပြည့်မစုံ၊ မမှန်မကန်သိတဲ့အသိဟာ လည်း အဆိပ်ပဲ။
လောကီအကျိုးစီးပွားတိုးတက်မှုကို ဟန့်တားတဲ့အချက်တွေက တစ်ရာမက ရှိတယ်။ ရဟန်းပညာရှိ၊ လူပညာရှိ၊ ဗုဒ္ဓ ဘာသာပညာရှိ၊ ဟိန္ဒူဘာသာပညာရှိ စတဲ့ပညာရှိတွေ သူတို့ရဲ့အတွေ့အကြုံ အတွေးအခေါ်တွေအရ ပြောဟောရေး မှတ်ထားကာ စုလိုက်ရင်ကျမ်းတစ်စောင် ပေတစ်ဖွဲ့ဖြစ်နိုင်တယ်။
ဗုဒ္ဓဝါဒကိုသေးသိမ်အောင်ကဲ့ရဲ့ရှုတ်ချ လိုသူတို့ရဲ့ ဆွဲစပ်လုပ်ကြံစွပ်စွဲထားတာကို နားမယောင်နဲ့၊ ဗုဒ္ဓဝါဒဟာ လောကီ လောကုတ္တရာနှဖြာစလုံးမှာတိုးတက်ခြင်း ကိုသာဖြစ်စေတယ်လို့ပြောချင်ပါတယ်။