images
UN
UN
အမာရွတ်နှင့် ပတ်တီး
ချစ်နိုင်(စိတ်ပညာ) Monday, 19 August 2019
မြန်မာစာပေနယ်ပယ်မှာ ဆရာပါရဂူ ဟူသည် နေတစ်ဆူလတစ်စင်းထွန်းလင်း ခဲ့သောစာရေးဆရာဖြစ်ပါသည်။ ဆရာ ပါရဂူ(၁၉၂၁-၂ဝ၁၁)ဟုဆိုလျှင် စာဖတ်သူ များသိထားပြီးသားဖြစ်ပါ၏။ သို့ရာတွင် စာဖတ်သူများထဲမှာလည်း စာဖတ်နာသူ လည်းပါမည်။ စာဖတ်သက်ရင့်သူလည်းရှိ မည်။ စာဖတ်နည်းသူလည်းပါနိုင်သည်။ စာဖတ်သက်နုသူလည်း ရှိကောင်းရှိလိမ့် မည်။ ထို့ကြောင့်ဆရာပါရဂူအကြောင်း အကျဉ်းမျှတင်ပြပါရစေ။
၁၉၂၁ နိုဝင်ဘာ၁ဝရက် ကြာသပတေး နေ့တွင် ဦးဘစော၊ ဒေါ်မေတုတ်တို့မှ ဟင်္သာတခရိုင် သနွံသနော့ရွာတွင်မွေးဖွား ခဲ့သည်။ ငယ်မည်မှာမောင်လှကြိုင်ဖြစ် သည်။ သနွံသနော့ကျေးရွာမူလတန်း ကျောင်း၌ပညာသင်သည်။ ၁၁နှစ်သား အရွယ် ရှင်သာမဏေဝတ်သည်။ ၁၅နှစ် အရွယ်အစိုးရပထမပြန်စာမေးပွဲ၌ ပထမ ငယ်တန်းကို ၁၉၃၆ခုနှစ်အောင်မြင်သည်။ ၁၉၃၉ဖေဖော်ဝါရီလထုတ် တိုးတက်ရေး မဂ္ဂဇင်း၌ ''မျိုးညွန့်နွယ်'' အမည်ဖြင့် လူငယ်ခေတ်ဆောင်းပါးကို စတင်ရေးသား ခဲ့သည်။ ရှင်ပါရဂူကိုရင်အမည်ဖြင့် တိုး တက်ရေးနှင့် ဒဂုန်မဂ္ဂဇင်းတို့၌ ဆောင်း ပါးများဆက်ရေးခဲ့သည်။ ဓမ္မာစရိယစာချ တန်းအောင်သည်။
၁၉၄၁ သနွံသနော့ရွာ၌ရဟန်းခံသည်။
၁၉၄၂ သန်လျင်မြို့ဂျပန်စာသင်ကျောင်း ၌ ဂျပန်စာကို နှစ်နှစ်သင်ယူသည်။ ဂျပန် သတင်းစာ၌ အရှင်ပါရဂူအမည်ဖြင့် ဂျပန် ဘာသာဆောင်းပါးရေးခဲ့သည်။
၁၉၄၇ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဟိန္ဒူတက္ကသိုလ်တွင် ငါးနှစ်မျှပညာတော် သင်ခဲ့သည်။
၁၉၅၄ခုနှစ်အသက်၃၃နှစ်တွင် လူဝတ် လဲခဲ့၏။ မြန်မာနိုင်ငံ အိန္ဒိယသံရုံး ပြန် ကြားရေးဌာနတွင်ဘာသာပြန်အရာရှိအဖြစ်
၁၉၅၈-၁၉၆၁(လေးနှစ်ကြာ)အမှုထမ်းခဲ့၏။
၁၉၆၃ အနုပညာဆိုင်ရာအမျိုးသား စာပေဆု(ဘာသာပြန်) ပထမဆုကို သုန္ဒရ နန္ဒ၊ ညီတော်မင်းနန်စာအုပ်ဖြင့်ရရှိသည်။
၁၉၆၇ မြန်မာနိုင်ငံဟိန္ဒီစာပေအသင်းမှ ချီးမြှင့်သော စာပေရွှေတံဆိပ်ဆုရရှိသည်။
၁၉၈၆ ဂေါရီဝတ္ထုဖြင့်အမျိုးသားစာပေ ဆု(ဘာသာပြန်)ရရှိသည်။
၂ဝဝ၁အမျိုးသားစာပေတစ်သက်တာ စာပေဆု၊၂ဝဝ၂ ပခုက္ကူဦးအုန်းဖေတစ်သက် တာစာပေဆု၊ ၂ဝဝ၃ ဝိဇ္ဇာပညာထူးချွန် တံဆိပ်(ပထမဆင့်)၊ ၂ဝဝ၅သုတစွယ်စုံတစ် သက်တာစာပေဆု စသည်တို့ချီးမြှင့်ခြင်းခံ ခဲ့ရသည်။ ၂ဝ၁၂ခု ဇန်နဝါရီလ ၄ရက်နေ့ တွင်စည်သူဘွဲ့ချီးမြှင့်ခြင်း(ကွယ်လွန်ပြီး) ခံခဲ့ ရသည်။
ဆရာပါရဂူ၏စာပေစွမ်းရည်ကို ဤ ဆောင်းပါးတစ်ပုဒ်ဖြင့်မလုံလောက်ပါ။ တစ် အုပ်ရေးလျှင်လည်းမရနိုင်ပါ။ အတွဲပေါင်း များစွာ ကျမ်းများ ပြုစုလျှင်လည်း ခြုံငုံ နိုင်ဖွယ်ရာ မမြင်နိုင်ပါ။ မြန်မာစာပေ၌ အတွေးသစ်အမြင်သစ် အလင်းသစ်ဝေငှ ခဲ့သောစာရေးဆရာကြီးဖြစ်ပေသည်။ ပါဠိ၊ အင်္ဂလိပ်၊ သက္ကတ၊ ဟိန္ဒီ၊ ဂျပန်ဘာသာများ ကိုတတ်ကျွမ်းပါသည်။ ဆရာကြီးပါရဂူ ရေးသားခဲ့သော စာအုပ်ပေါင်း(၁ဝဝ)ကျော် ရှိလေသည်။ ဗုဒ္ဓစကား၊ ညီတော်မင်းနန်၊ နိဗ္ဗာန်၊ ဓမ္မ-ဘဝတစ်လျှောက်နေသွားနည်း အတတ်ပညာ၊ မဟာလူသားဗုဒ္ဓ၊ ဗုဒ္ဓဒိုင် ယာရီ၊ ပလေတို၊အရစ္စတိုတယ်၊ ပရကထာ၊ ဟိတောပဒေသ၊ ပဉ္စတန္တရ၊ စာပေခရီး သည်၊ ဘဝခရီးသည်၊ သိဒ္ဓတ္ထ၊ အမ္မပါလီ၊ စိတ္တရလေခါ၊ ဝေသာလီ၊ မင်းနှင့်ပြည်သူ စသော စာအုပ်များသည် ထင်ရှားကြသည်။ ဆရာကြီး၏စာရေးကောင်းပုံ၊ ရည်ရွယ်ချက် အနှစ်သာရရှိပုံ၊ အကြောင်းအရာရွေးချယ် ဖော်ပြပုံ ကောင်းမွန်ပုံများကား ဖတ်ဖူးကြ သူများသိရှိပြီးသားဖြစ်သဖြင့် မဖော်ပြလို တော့ပေ။
ဆရာပါရဂူနှစ်ပေါင်း(၇ဝ)ကျော်မျှ ရေးသားခဲ့သော လက်ရာပေါင်းများစွာ အနက်မှ ဆရာကြီးကွယ်လွန်သည့်တစ်နှစ် ပြည့်အမှတ်တရစာအုပ်မှာပါရှိခဲ့သော တစ် ပုဒ်တည်းသောလက်ရာကို အကျဉ်းချုပ် တင်ပြလိုပါသည်။
ဘယ်မဂ္ဂဇင်း ဘယ်စာ စောင်မှာဘယ်ခုနှစ်ကပါခဲ့ဖူးသလဲမသိပါ။
''အမာရွတ်နှင့်ပတ်တီး''တဲ့၊ ဝတ္ထု ခေါင်းစီး။
မိုးဥတု၏ နံနက်ခင်း။ ရာသီဥတုသာ ယာသည်။
အချိန်မှာ နံနက် ၈ နာရီလောက်ရှိပြီ။
တောင်ဥက္ကလာပဘက်မှလာသော ၇ နံပါတ် ဘတ်စ်ကား ဖဆပလမှတ်တိုင်တွင် ရပ်လိုက်သောအခါ ဆင်းလာကြသော ခရီး သည်များထဲမှာ အမျိုးသမီးတစ်ယောက် ခပ်သုတ်သုတ်ဆင်းလာသည်။ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံဘက်သို့ လျှောက်သည်။ ဆေးရုံဝင်းထဲသို့ ဝင်သွား သည်။ ဆေးရုံသံတံခါးအတွင်း အဆီး အတားမရှိ ဆက်ဝင်သွားသည်။ လက်ထဲ ၌ဆွဲခြင်းတစ်ခုပါသည်။ ဆေးရုံဒုတိယထပ် သို့ တက်သွားသည်။ အခန်းတစ်ခုထဲဝင်၍ အမျိုးသမီးသည် သူဝတ်လာသည့် ပွင့်ရိုက် ထဘီအစား လုံချည်အနီပိန်းကို လဲဝတ် သည်။ ဦးခေါင်းပေါ်တွင် ခေါင်းဆောင်းကို ဆောင်းလိုက်သည်။ အင်္ကျီမှာမူ အဖြူရောင် ပင်ဖြစ်သဖြင့် လဲစရာမလို။ အခန်းအပြင်သို့ ပြန်ထွက်လာသောအခါ သာမန်အရပ်သူ အမျိုးသမီးအဖြစ်မှ နှစ်မိနစ်သုံးမိနစ်အတွင်း သူနာပြုဆရာမအဖြစ်သို့ တွေ့ရလေတော့ သည်။
ယနေ့ ဗုဒ္ဓဟူးနေ့ မျက်စိခွဲသည့်နေ့ဖြစ် သည်။
အထူးကုဆေးရုံတွင် မျက်စိလူနာနှင့် နား၊နှာခေါင်း၊ လည်ချောင်းလူနာများကို သူ့နေ့နှင့်သူခွဲသည်။ ဗုဒ္ဓဟူးနေ့သည် တစ် ပတ်အတွင်း အတွင်းတိမ်၊ ရေတိမ်စသော အရေးကြီးသည့် မျက်စိဝေဒနာသည်များကို ခွဲသောနေ့ဖြစ်လေသည်။
အော်ပရေးရှင်းနေ့ဖြစ်သဖြင့် ဆေးရုံတွင် ရိုးရိုးနေ့နှင့်မတူ။ ဆရာဝန်များ၊ သူနာပြု များ၊ လူနာများ လှုပ်ရှားနေကြသည်။ ၇နာရီ မထိုးမီကပင် အော်ပရေးရှင်းခန်းထဲတွင် အဆင်သင့်ဖြစ်နေကြပြီ။