images
UN
UN
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၅ မြို့နယ် လျှပ်စစ်ဓာတ်အားပျက်ဦးမည်ဟုကြေညာ
Monday, 19 August 2019

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တွင် ယခုလ ၂ဝ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်အရှေ့ ပိုင်းခရိုင်ရှိ မြို့နယ်များတွင် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီအထိနှင့် ရန်ကုန် အနောက်ပိုင်းခရိုင်ရှိ မြို့နယ် များတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးအဖွဲ့၏ ယနေ့ညနေပိုင်း တွင်ထုတ်ပြန်သော အဆိုပါသတင်း ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည့် မြို့နယ်များမှာ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ်၊ ဒေါပုံ မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ် တထောင်မြို့နယ်၊ မင်္ဂလာတောင် ညွန့်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ တာမွေ မြို့နယ်၊ ရန်ကင်းမြို့နယ်၊ လမ်း မတော်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လသာ မြို့နယ် များရှိရပ်ကွက်တချို့တို့တွင်အဆိုပါ ရက်များတွင် လျှပ်စစ်ဓာတ်အား ပျက်ဦးမည်ဟု ကြေညာထား ကြောင်းသိရသည်။
မေမျိုး