images
UN
UN
ရေချိုချောင်းအတွင်းယာဉ်များပိတ်ဆို့ရေဆေးခြင်းများကြောင့် မလိုလားအပ်သည့်မှုခင်းများဖြစ်ပွားနိုင်
Wednesday, 21 August 2019
မန္တလေးတိုင်းဒေသကြီး မလှိုင် မြို့နယ် မိတ္ထီလာ-မလှိုင်-မြင်းခြံ သွားလမ်းပိုင်း မိုင်တိုင်အမှတ် (၁ဝ/၄)ဖာလုံရေချိုကျေးရွာအနီးရှိ ရေချိုချောင်းအတွင်း ယာဉ်များ လမ်းပိတ်ဆို့ကားရေဆေးခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် မလို လားအပ်သော မှုခင်းများဖြစ်ပွား နိုင်သည်ဟု ဒေသခံများကပြော သည်။ အဆိုပါ ချောင်းသည် မလှိုင်မြို့နယ်ရှိ သင်းပုန်းဆည် မှတစ်ဆင့်စီးဆင်းနေသည့် ချောင်း ဖြစ်သကဲ့သို့ယခုလအတွင်းမိုးရွာ သွန်းမှုများကြောင့်ရေများပြည့်လျှံ စွာ စီးဆင်းလျက်ရှိသဖြင့် အဆိုပါ လမ်းပိုင်းပေါ်သွားလာနေသည့် ယာဉ်များမှာချောင်း၏ အလယ်၌ ယာဉ်များရပ်တန့်ပြီးရေဆေးမှုများ လည်းရှိကြောင်း ယနေ့ နံနက် ၁၁ နာရီက တွေ့မြင်ရသည်။
''ရေချိုချောင်းက ရေဟာ ကျွန်မတို့ကျေးရွာအုပ်စုများမှာ မွေးမြူထားတဲ့ နွား၊ ဆိတ် စတာ တွေကို ရေတိုက်ခြင်း၊ စိုက်ပျိုး သီးနှံများကို ရေလောင်းခြင်းများ လုပ်ကိုင်ကြတာပါ။ ဒီချောင်း အတွင်းမှာ ယခုလို ယာဉ်တွေပိတ် ဆို့ပြီး ကားတွေကို ရေဆေးခြင်း ကြောင့်ယာဉ်တိုက်မှုတွေဖြစ်ပြီး လူသေဆုံးမှုတွေလည်း ဖြစ်ခဲ့ဖူး ပါတယ်။ အခုရက်ပိုင်းမှာ ချောင်း ရေတွေအရမ်းကို များနေတာ ကြောင့် သက်ဆိုင်ရာ တာဝန်ရှိ သူများအနေနဲ့လည်း ချောင်း၏ ဘေးနှစ်ဖက်မှာ အလံတိုင်စတဲ့ အမှတ်အသားများစိုက်ထူပေးသင့် သလိုယာဉ်များပိတ်ဆို့ရေဆေးခြင်း ကိုလည်း ထိထိရောက်ရောက် တား မြစ်စေချင်ပါတယ်''ဟု အဆိုပါချောင်းအနီးရှိဒေသခံပြည် သူများက ပြောသည်။''အများ ပြည်သူနေ့စဉ် သွားလာနေတဲ့ ဒီလမ်းပိုင်းပေါ်ရှိ ရေချိုချောင်း အတွင်းမှာအခုလိုကားတွေပိတ်ဆို့ ရေဆေးနေခြင်းကို တာဝန်ရှိသူ တွေကတားမြစ်ပေးစေလိုပါတယ်။ ချောင်းက ကားတစ်စီးတောင် မနည်းသွားလာနေရတာ အခုလို ချောင်းအတွင်း ကားတွေရေဆေး တာဟာ မဖြစ်သင့်ပါဘူး''ဟု အဆိုပါ လမ်းပိုင်းပေါ်၌သွားလာ နေသည့်ယာဉ်မောင်းများကပြော သည်။
ရေချိုချောင်းရေသည် ယခုလ အတွင်း ရေစီးဆင်းမှုများနေခြင်း ကြောင့် ချောင်း၏အတွင်း၌ ကားများရေဆေးခြင်းကို တာဝန် ရှိသူများက ဆောင်ရွက်ပေးစေ လိုကြောင်း ဒေသခံများ၊ ခရီးသွား ယာဉ်မောင်းများထံမှ သိရသည်။
ဒေသခံများ