images
UN
UN
လေထုညစ်ညမ်းမှုမြင့်မားသည့်ဒေသတွင် နေထိုင်သူများ အမြင်အာရုံချို့ယွင်းမှုဖြစ်နိုင်ခြေမြင့်မားဟုဆို
Wednesday, 21 August 2019
ဗြိတိန်သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ ပူးပေါင်းပြုလုပ်သည့် လေ့လာမှုတစ်ရပ်အရ လေထု ညစ်ညမ်းမှုမြင့်မားသည့် ဒေသများတွင် နေထိုင်သူများသည် အမြင် အာရုံထိခိုက်ချို့ယွင်းမှုဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်ဟု တွေ့ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။
လေ့လာမှုပြုလုပ်ရာတွင် လေထုညစ်ညမ်းမှုအခြေအနေ မတူညီ သောနေရာများတွင် နေထိုင်သူများအား စောင့်ကြည့်လေ့လာကာ အမြင် အာရုံအပေါ် အကျိုးသက်ရောက်မှုဖြစ်ပေါ်သည့် အခြေအနေကို အဓိက လေ့လာခဲ့ခြင်းဖြစ်သည်။ ထိုသို့လေ့လာရာ၌ လူသားတို့၏အမြင်အာရုံ အတွက် အဓိကအကျဆုံး လိုအပ်ချက်အား လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်သည့် အကျိုးဆက်များက ထိခိုက်မှုဖြစ်ပေါ်စေသည်ဟု တွေ့ရှိ ခဲ့သည်။ လေထုညစ်ညမ်းသည့် အခြေအနေပေါ်မူတည်ကာ အမြင်အာရုံ ထိခိုက်နိုင်ခြေ ကွာခြားမှု ဖြစ်ပေါ်လေ့ရှိသည့်အပြင် သာမန်လူသားများ အတွက် နေထိုင်ရန်မသင့်လျော်ဟု သတ်မှတ်ထားသော လေထုညစ် ညမ်းမှုဖြစ်ပေါ်နေသည့် နေရာများတွင် နေထိုင်သူများသည် လေထု ညစ်ညမ်းမှုမရှိသည့် နေရာများတွင် နေထိုင်သူများထက် အမြင်အာရုံ ချို့ယွင်းနိုင်ခြေ ၃၃ ရာခိုင်နှုန်းပိုများလျက်ရှိသည်။NG(Ref; AFP)