images
UN
UN
အဘိုး ပြောပြချင်တဲ့စကား
မျိုးဇာနည် Thursday, 22 August 2019
ကျောင်းတွေဖွင့်တာဆိုလျှင် နှစ်လ ရှိနေပေပြီ။
မြေးကလေးတွေ ကျောင်းနေအရွယ် ငါးနှစ်ပြည့်လို့ကျောင်းစတက်ကြရသည်။ ကျောင်းစိမ်းဝတ်စုံလေးနှင့် လှနေကြ သည်။ ကျောင်းက ဆင်းလာပြီး အိမ်သို့ ရောက်တော့ မြေးမလေးတွေက သူ့ထက် ငါ အဘိုးဆီ ပြေးလာကြ၊ ဘိုးဘိုး၊ ဘိုးဘိုးနှင့် ပြိုင်တူဆိုကြသည်။ ''မင်္ဂလာ ပါ ဘိုးဘိုး''
''သားတို့ သမီးတို့ ကျောင်းမှာ စာ သင်ခန်းထဲကို ဆရာမ ဝင်လာတဲ့အခါ 'မင်္ဂလာပါဆရာမ'လို့ အားရပါးရသံပြိုင် အော်ဟစ် နှုတ်ဆက်ကြရတယ် ဘိုးဘိုး''
အဘိုးက မြေးကလေးများ၏နဖူးပြင် လေးတွေကိုငုံ့ပြီး မွှေးမွှေးပေးနှုတ်ဆက် လိုက်သည်။ 'မြေးကလေးတွေ ဒီနေ့မှစ၍ ပညာသင်ဘဝ တစ်လျှောက်လုံး ထူးထူး ချွန်ချွန် သင်နိုင်ကြားနိုင်တတ်မြောက်နိုင် ပါစေ၊ တာဝန်တွေကို ထူးထူးခြားခြား ထမ်းဆောင်နိုင်ပြီး နိုင်ငံတော်ရဲ့ အမျိုး ကောင်းသား၊ အမျိုးကောင်း သမီးလေး တွေ ဖြစ်ကြပါစေကွယ်''ဟု အဘိုးနှုတ် က တရွရွနှင့် ဆုတွေပေးနေမိသည်။
သားကြီးတို့ ဇနီးမောင်နှံ၊ သမီးလတ် တို့ ဇနီးမောင်နှံတို့က သားဦး သမီးဦး မွေးကြသည်။ ကျောင်းနေအရွယ် ရောက် တော့ သူတို့သား သူတို့သမီးကို ကျောင်း ပို့ပြီး ကျောင်းဆင်းသောအခါ မြေးကလေး တွေနှင့်အတူ အဘိုးနှင့် လာတွေ့ကြခြင်း ဖြစ်သည်။
''အဘိုး အဘိုး၊ မင်္ဂလာပါ ဆိုတာ ဘာလဲ''
စကားသွက်လှသည့် မြေးမလေးက မေးလာသည်။
မြေးကလေးတို့ စာသင်ခန်းထဲ ဆရာမ ဝင်လာသောအခါ တစ်တန်းလုံး မတ်တတ်ရပ်ပြီး 'မင်္ဂလာပါ ဆရာမ' လို့ အားရပါးရ သံပြိုင်အော်ဟစ် နှုတ်ခွန်း ဆက်ခဲ့ကြရသည်။ သည်ကြောင့် 'မင်္ဂလာ ပါ' ဆိုသည် မသိကြ။
ရိုးရိုးသားသားပင် ဆိုရပါက ယင်း 'မင်္ဂလာ' ဟူသော စကားလုံး၏ အနက် အဓိပ္ပာယ် အတိမ်အနက်ကိုမူ တိတိကျကျ မသိခဲ့ပါ။ အများဆိုသံကြား၍ သံယောင် လိုက်ဆိုခဲ့ခြင်းဖြစ်ပါသည်။ နောက်ပိုင်း တွင် မင်္ဂလသုတ်နှင့် စပ်ဆိုင်သော ရှင်း လင်း ဖွင့်ဆိုချက် စာအုပ်စာတမ်းများကို လက်လှမ်းမီရာ ဖတ်ရှုလေ့လာရသော အခါမှသာ မင်္ဂလာတရားတော်၏ ကျယ် ဝန်း နက်နဲပုံကို တွေ့ရှိလာရသည်။
မင်္ဂလာတရားတော်သည် လူမျိုး မရွေး၊ ဘာသာမရွေး၊ တိုင်းပြည်နေရာ ဒေသမရွေး၊ အချိန်မရွေး လိုက်နာကျင့် သုံးရမည့် တရားတော် ဖြစ်သည်ကို သဘောပေါက်လာမိသည်။ လူတိုင်း အတွက် နေ့စဉ်ဘဝတစ်ခု ဖြစ်နေသည်။ နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များ ဖြစ်နေသည်။
အိမ်တက်မင်္ဂလာ၊ မွေးနေ့မင်္ဂလာ၊ အလှူပွဲများ၌ ကျက်သရေမင်္ဂလာ တိုး တက် ပွားများစေရန် သံဃာတော်များက 'မင်္ဂလသုတ်'ကို ရွတ်ဆိုချီးမြှင့်ကြသည်။ ဒါယကာ ဒါယိကာမများကလည်း နာယူ ကြသည်။ 'ဤမင်္ဂလသုတ်တော်'ကိုရွတ် ဆိုနာယူသည့်အတွက်ကျက်သရေမင်္ဂလာ တိုးပွား၍ ဧကန်အမှန် ဖြစ်နိုင်ပါသည်။
သည်ကြောင့် 'မင်္ဂလသုတ်' ရွတ် လည်း ရွတ်ရမည်။ နာလည်း နာယူရ မည်။ သို့ရာတွင် ရွတ်ဆိုနာယူရုံမျှဖြင့် 'ကျက်သရေမင်္ဂလာ' တိုးပွားမှုသည် အထွတ်အထိပ်သို့ အပြီးဆုံးတိုင် ရောက်ရှိ သည်ဟု မဆိုနိုင်သေးပါ။ အဘယ်ကြောင့် ဆိုသော် မင်္ဂလာတရားတော်သည် နေ့စဉ် ဘဝ၌ လက်တွေ့အသုံးချ ကျင့်သုံးရမည့် တရား ဖြစ်သောကြောင့်ပင်။
မြတ်စွာဘုရားရှင် 'မင်္ဂလသုတ်'တော် ကို မဟောကြားမီ မင်္ဂလာနှင့် ပတ်သက် ပြီး နည်းအမျိုးမျိုး ယူဆခဲ့ကြသည်။ အချို့က နံနက်စောစော အိပ်ရာထ ထွက် ပြူလာစ နေဝန်းကို ကြည့်ရလျှင် ထိုနေ့ တစ်နေ့လုံးအတွက် ကျက်သရေမင်္ဂလာ နှင့် ပြည့်စုံ၍ လုပ်သမျှ အောင်မြင်သည် ဟု ယူဆကြသည်။

တချို့က နံနက် အိပ်ရာထစတွင် မင်္ဂလာရှိသည်ဟု သတ်မှတ်ထားသော တစ်စုံတစ်ယောက်၏ မျက်နှာကို ကြည့် လိုက်ရလျှင် ထိုနေ့အတွက် ကြံတိုင်း အောင်သည်ဟု ယူဆကြသည်။ တချို့က နံနက်စောစော နွားချေးပုံကို လက်ဖြင့် နှိုက်လိုက်ရလျှင် မင်္ဂလာရှိသည်။ ဇီးကွက် မြည်သံ ကြားရသော် မင်္ဂလာရှိသည်။ တစ်တီတူးမြည်သံ ကြားရသော် မင်္ဂလာ မရှိ၊ ကျီး နားသော် မင်္ဂလာရှိသည်။ လင်းတ နားသော် မင်္ဂလာမရှိ စသည် ဖြင့် မိမိတို့ ဘိုးစဉ်ဘောင်ဆက် ရိုးရာ အစဉ်အလာ စွဲမိစွဲရာ 'မင်္ဂလာ' အယူ အဆ အမျိုးမျိုး ကွဲပြားနေကြသည်။
အချို့က အဖြူရောင်ကို 'မင်္ဂလာ' အဖြစ် သတ်မှတ်၍ အချို့က အမင်္ဂလာ အဖြစ် သတ်မှတ်ကြပြန်သည်။ အလားတူ အနီရောင်ကိုလည်းကောင်း၊ အနက်ရောင် ကိုလည်းကောင်း 'မင်္ဂလာ' ရှိသည်ဟု ယူဆသကဲ့သို့ 'မင်္ဂလာမရှိ' 'အမင်္ဂလာ' ဟု ယူဆကြသူများလည်း ရှိကြသည်။ ထိုသို့ အယူအဆ မတူညီသူများ အချင်း ချင်း ထိပ်တိုက်တွေ့ဆုံလာသောအခါ 'မင်္ဂလာ' အတု အစစ်၊ 'မင်္ဂလာ' အမှား အမှန် အငြင်းပွားကြရသည်။
ယင်းသို့ 'မင်္ဂလာ' အယူအဆ မတူကွဲပြား အငြင်းပွားနေကြသည်ကို ပြေငြိမ်းသွားစေရန် မြတ်စွာဘုရားရှင်က လူမျိုးမရွေး၊ ဘာသာမရွေး၊ တိုင်းပြည် နေရာဒေသမရွေး၊ အချိန်မရွေး အမြဲ မှန်ကန်သော မင်္ဂလာတရား အစစ်အမှန် ကို ဟောကြားတော်မူခဲ့သည်။
ယင်းမင်္ဂလာတရားတော်ကို လူကြီး လူငယ်မရွေး သဘောကျနှစ်ခြိုက်လက်ခံ ကြသည်။ အရှေ့တိုင်းရော အနောက် တိုင်းပါကြိုက်နှစ်သက်ကြသည်။ အဘယ် ကြောင့်ဆိုသော် မင်္ဂလာတရားတော်သည် ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းစေနိုင် သည်။ လူတိုင်းလူတိုင်း စိတ်ချမ်းသာစေ နိုင်သည်။
မင်္ဂလာတရားတော်ကို လိုက်နာကျင့် သုံးသူသည် အသိပညာ၊ အတတ်ပညာ ဗဟုသုတနှင့်ပြည့်စုံသည့်အပြင်စီးပွားဥစ္စာ လည်း ကုံလြုံ<ွကယ်ဝနိုင်သည်။ မိမိကိုယ် တိုင်လည်း ယဉ်ကျေး၍ပတ်ဝန်းကျင်ကို လည်း ရင်အေးစေသည်။ မိမိကိုယ်တိုင် ဆင်းရဲတွင်းမှ လွတ်မြောက်၍ သူတစ်ပါး ကိုလည်း ကယ်တင်နိုင်စွမ်းရှိသည်။
ငြိမ်းချမ်းသာယာြ<ွကယ်ဝသော နိုင်ငံ များကို သေချာစွာ လေ့လာကြည့်ရှုပါက မင်္ဂလာတရားတော်များကို အများလိုက်နာ ကျင့်သုံးနေသည်ကို တွေ့ရသည်။ မငြိမ်း ချမ်းသော တိုင်းပြည်များ၊ ဆင်းရဲမွဲတေ သော တိုင်းပြည်များကို လေ့လာဆန်းစစ် ကြည့်ပါက ယင်းနိုင်ငံသားများသည် မင်္ဂလာတရားတော်များကို မလိုက်နာ မကျင့်သုံးသည်ကို တွေ့ရှိရပါမည်။
ဥပမာအားဖြင့် ကတညုတာ (ကျေးဇူး သိတတ်ခြင်း)ဟူသော မင်္ဂလာတစ်ပါး တည်းကိုပင် ကြည့်ပါ။ မိမိအား ကိုးလ လွယ်၊ ဆယ်လမွေး၊ နို့ချိုတိုက်ကျွေး၊ အညစ်အကြေးသုတ်သင်၊ဖဝါးလက်နှလုံး၊ ပခုံးလက်နှစ်သစ်က ဝါးဖတ်တော် ကစီ ကျွေး လူဖြစ်အောင် မွေးခဲ့သည့် မိဘ နှစ်ပါး၏ကျေးဇူးကိုသိတတ်ဖို့ လိုသည်။
ဤသို့ဖြင့် သမီးလတ်က ဘိုးဘိုး ရေးထားသည့် မင်္ဂလာစာကို ဖတ်ပြလိုက် သည်။ ''မြေးကလေးတွေကလည်း ငိုက်ချင်နေကြတယ်၊ အဘိုး ပြောမယ်၊ မြေးတို့ နားထောင်ကြ''

မြေးကလေးတို့ကို သင်ကြားပေးမယ့် ကျောင်းတော်ကြီးတွေကလိမ္မာရေးခြားရှိဖို့၊ လူသားအကျိုးပြု ပညာရပ်တွေ ကျွမ်း ကျင် တတ်မြောက်ဖို့၊ လူသားတွေအပေါ် မှာ မေတ္တာထားတတ်ဖို့ ပညာရပ်တွေကို သင်ကြားပေးမှာပါကွယ်။ ဒါကြောင့် မြေးတို့ ကျောင်းနေအရွယ်တိုင်း ကျောင်း နေနိုင်ကြဖို့ လိုအပ်ပါတယ်။ ကျောင်းနေ ရမယ့် အရွယ်တိုင်း ကျောင်းမနေနိုင်သေး တဲ့ ကလေးတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် 'ကျောင်းအပ်နှံရေးနေ့' အခမ်း အနားတွေနဲ့ လှုံ့ဆော်နေရတာပေါ့ကွယ်။
ကျောင်းတော်ကြီးတွေက သင်ပေး လိုက်တဲ့ အထဲမှာ အဖျက်လုပ်ငန်းတွေ လုပ်ဖို့၊ လူတွေကို ရက်စက်ညှဉ်းပန်းဖို့၊ အရိုင်းအစိုင်း တိရစ္ဆာန်စိတ်တွေ ထား ကြဖို့ ဘယ်ကျောင်းတော်ကမှ သင်မပေး ပါဘူး မြေးတို့ရယ်၊ ယုတ်မာ ရိုင်းစိုင်းမှု၊ လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုဆိုတာ တွေက သမီးလေးတို့ အမျိုးသမီးလေး တွေအတွက် ပိုပြီး အန္တရာယ် ကြီးမား ပါတယ်။ ဘဝ မလုံမခြုံဖြစ်ရပါတယ်။ ဒါကြောင့် အမျိုးသမီးရေးရာ အဖွဲ့တွေ ဖွဲ့ပြီး အမျိုးသမီးဘဝ လုံခြုံရေးတွေ အတွက် ဆောင်ရွက်နေကြရတာပါပဲ။
''ဒါကြောင့် ဒေါ်လေး ခဏခဏ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ သွားနေ တာကိုး''
''ဟုတ်တာပေါ့ မြေးလေးရယ်၊ အဘိုး ပြောပြမယ်''
လူဆိုတာ အရိုင်းဘဝကနေ ယဉ် ကျေးတဲ့ ဘဝကို တရွေ့ရွေ့ ကူးပြောင်း လာရတယ်။ သားရဲတိရစ္ဆာန်တွေလို၊ သားစိမ်း ငါးစိမ်းစားတဲ့ ဘဝမျိုးကနေ တဖြည်းဖြည်း ယဉ်ကျေးတိုးတက်လာ ရတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ လူသား တွေ ဖြစ်လာအောင် ဘာသာတရားတွေ ဆိုတာ ပေါ်လာရတယ်။ ယဉ်ကျေး သိမ်မွေ့တဲ့လူသားလေးတွေ ဖြစ်အောင် ဘာသာတရားကိုလည်း ကိုးကွယ်ရမယ်။ ရတနာသုံးပါးကို မမေ့ရဘူး။
အဘိုး ပြောပြချင်တဲ့ စကားတွေက တော့ အများကြီးပါပဲ။ မြေးကလေးက အခု ကျောင်းစတက်နေတော့ မြေးကလေး ဘဝတစ်လျှောက်လုံး တွေ့ရ ကြုံရ ရင်ဆိုင် ရမယ့် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ အိမ်ထောင်ရေးရာ အားလုံးကို ပြောပြ လိုက်ချင်တာပါပဲ။ ဒါပေမဲ့ အခုတော့ ဒါလောက်ပါပဲ။ ချုပ်ပြီး အဘိုး ပြောရ ရင်တော့...
(၁) လူဖြစ်လာရင် လူစိတ်ရှိရမယ်။ ရက်စက်ယုတ်မာ ကြမ်းတမ်းတဲ့ တိရစ္ဆာန်စိတ်တွေ ရှိနေရင်တော့ လူ ဖြစ်မလာတာကမှ သက်သာဦးမယ်။
(၂) လူဆိုတာ အပြစ်ရှိတဲ့ အလုပ်နှင့် အပြစ်မရှိတဲ့ အလုပ်ကို ခွဲခြားသိရ မယ်။ လူ့ဘဝ တိုတိုလေးအတွင်း မှာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ် တွေ၊ အကုသိုလ် ဒုစရိုက် အလုပ် တွေနဲ့ သွားရင် ငရဲကို တန်းကျ မယ်။ ငရဲ တစ်ခါရောက်ပြီးရင် လူ့ ဘဝကို ပြန်ရောက်ဖို့ အတော်ခက်ခဲ သွားပြီ။
(၃) ကျောင်းတော်ကြီးတွေက လူစိတ် ရှိအောင်၊ ယဉ်ကျေးသိမ်မွေ့အောင်၊ လူ့အကျိုး သယ်ပိုးဆောင်ရွက်နိုင် အောင် သင်ပေးတဲ့ နေရာတွေ ဖြစ်လို့ ကျောင်းနေအရွယ်တိုင်း ကျောင်းနေနိုင်ဖို့ လိုပါတယ်။
(၄) သင်ကြား သင်ယူမှုဆိုတာ ဘယ် တော့မှ ဆုံးခန်းတိုင်တဲ့ လုပ်ငန်း မဟုတ်လို့ လေ့လာသင်ကြားမှု အမြဲပြုနေရပါမယ်။
(၅) ဘာသာ ယဉ်ကျေးမှုကို အလေး အမြတ်ထားပြီး ဘဝတစ်လျှောက် လုံး ယောနိသောမနသိကာရ ဆိုတဲ့ စိတ်ထား နှလုံးထားမှန်မှန်လေးနဲ့ နေသွားရမယ်။
(၆) ဒေါသဆိုတဲ့ ကြမ်းတမ်းတဲ့ စိတ် ထားတွေကို အဝင်မခံဘဲ မေတ္တာ ဆိုတဲ့ အေးမြတဲ့၊ ယဉ်ကျေးတဲ့စိတ် ကလေးတွေ မွေးမြူရမယ်။
(၇) ကျေးဇူးတရား နားလည်နိုင်ကြပါ စေ၊ ရှေးဦး ကျေးဇူးပြုသူများ ဖြစ် ကြပါစေ၊ ကျေးဇူးတရားကိုသိသည့် အလျောက် ကျေးဇူးရှင်များကို ကျေးဇူးဆပ်နိုင်သူများ ဖြစ်ကြပါ စေ။
(၈) မိမိနိုင်ငံ၊ မိမိလူမျိုးဟာ မိမိတို့ရဲ့ အရင်းအမြစ်အကျဆုံးသော ကျေးဇူး ရှင်များ ဖြစ်တယ်ဆိုတာကို ဘယ် တော့မှ မမေ့ပါနဲ့။
(၉) အားလုံးသော မြေးလေးများ၊ မြေးမ လေးများဟာ လောကကြီးအတွက် မွန်မြတ်သော ဆုလာဘ်ကလေး များ ဖြစ်ကြပါစေ၊ လာခြင်းကောင်း သော လူသားလေးများ ဖြစ်ကြစေ လိုတာပါပဲ။