images
UN
UN
ကုန်သေတ္တာတင်ယာဉ်များပြေးဆွဲရန် ဖြေလျှော့ခွင့်ပြုထား
သုခ Thursday, 22 August 2019
ရန်ကုန်မြို့အတွင်း ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် ကုန်သေတ္တာတင်ယာဉ်များကို ည အချိန်တွင်သာ ပြေးဆွဲရန်ခွင့်ပြု ထားသော်လည်း ကုန်စည်စီးဆင်း မှုအခြေအနေများနှင့် လုပ်ငန်းရှင် များ၏ အခက်အခဲအခြေအနေ များကြောင့် နေ့ခင်းဘက်တွင် ခရီးစဉ်တစ်ကြောင်းစီ ပြေးဆွဲရန် ဖြေလျှော့ပေးထားကြောင်း ကုန် တင်မော်တော်ယာဉ်များအား တာ ဝန်ယူကြီးကြပ်သူ ဦးအေးအောင်က ပြောသည်။
''အစတုန်းက ည ၉ နာရီက နေ မနက် ၆ နာရီအထိပဲ ပြေး ဆွဲခွင့်ပြုပါတယ်။ ဒါပေမဲ့ လုပ်ငန်း ရှင်တွေက တစ်ဖက်မှာ အေးဂျင့် တွေနဲ့ စာချုပ်ချုပ်ဆိုထားတာတွေ ရှိတော့ ကုန်တင်ကုန်ချလုပ်ဆောင် တာတွေကို အချိန်မီပြီးစီးဖို့ အခက် အခဲတွေရှိတဲ့အတွက် တင်ပြလာ တာတွေကြောင့် ဖြေလျှော့တဲ့အနေ နဲ့ ည ၈ နာရီကနေ မနက် ၆ နာရီအထိ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ ကုန်စည်ပို့ဆောင်ဖို့က အရမ်းလည်း အခက်အခဲတွေ ကြုံ လာပြီး မဖြစ်မနေ အခြေအနေတွေ အရ ဖြစ်တဲ့အခါ နေ့ခင်းဘက်မှာ တော့ အတိုင်းအတာတစ်ခုအနေနဲ့ ဖြေလျှော့ပေးထားတာ ဖြစ်ပါ တယ်''ဟု ၄င်းကပြောသည်။
အဆိုပါ နေ့ခင်းဘက်အချိန် အဖြစ် နံနက် ၁၁နာရီတွင် အင်းစိန် ဘက်မှထွက်ခွာကာ ဆိပ်ကမ်းများ သို့ အရောက်ပေးပို့စေရန် သတ် မှတ်ထားပြီး မွန်းလွဲ ၁ နာရီမှ ၃ နာရီအတွင်း ဆိပ်ကမ်းမှ စက်မှု ဇုန်များသို့ အရောက်ပို့ဆောင်ရန် ဖြေလျှော့ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်တန်အထက်ယာဉ်များကို ကုန် တင်ယာဉ်များအဖြစ် သတ်မှတ် စာရင်းသွင်းထားပြီး လက်ရှိမှတ်ပုံ တင်ထားသော ကုန်တင်ယာဉ်စီး ရေ ၅၈၆၁၁ စီးရှိသည့်အနက် ကိုး တန်နှင့်အထက်ယာဉ်များကို အဆို ပါကန့်သတ်ချက်များနှင့်ညပိုင်းကို သာ အဓိကထားပြေးဆွဲရန် ခွင့်ပြု ထားခြင်းဖြစ်ကြောင်း သိရသည်။