images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး သဲဖြူကုန်းကျေးရွာသဘာဝဘေးသင့်ပြည်သူများအတွက် အလှူငွေများထောက်ပံ့လှူဒါန်း
Thursday, 22 August 2019
မွန်ပြည်နယ်သို့ ရောက်ရှိနေသော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ပါတီဗဟိုအလုပ်အမှုဆောင်များ သည်မိုးရွာသွန်းမှုများပြားခြင်းကြောင့်မြေပြိုမှု ဖြစ်ပွားခဲ့သော ပေါင်မြို့နယ် သဲဖြူကုန်းကျေး ရွာရှိ မြေပြိုကျခဲ့သည့်နေရာအား ကြည့်ရှုပြီး ယနေ့မွန်းတည့် ၁၂ နာရီတွင် ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပသည့် သဘာဝ ဘေးသင့်ပြည်သူများအတွက်အလှူငွေလှူဒါန်း ပွဲ၌ ပါတီဗဟိုမှပေးအပ်သည့် အလှူငွေကျပ် သိန်း ၃ဝ အား လူမှုရေးအသင်းအဖွဲ့များထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌဦးသန်းဌေး က အလှူငွေလှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦးကမြို့နယ်အတွင်းသဘာဝဘေး အန္တရာယ်ကျရောက်ခဲ့မှုနှင့်ပတ်သက်၍ရှင်း လင်းတင်ပြသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အလှူငွေပေးအပ်လှူဒါန်းရာ မွန်မြတ်ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးမင်းဦးကလက်ခံ ရယူပြီး မွန်မြတ်စေတနာလူမှုကူညီရေးအသင်း အတွင်းရေးမှူးဦးတင်ဦးကကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အလှူငွေလှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေး၊ ပါတီအထွေထွေအတွင်း ရေးမှူးဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှု ဆောင်များဖြစ်ကြသော ဦးစိုးနိုင်၊ ဦးခင်ရီ၊ ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင် ကြည်သိန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။