images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ချောင်းဆုံရှိ ရပ်မိရပ်ဖများ မြို့နယ်ပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ
Thursday, 22 August 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိကြပြီး ချောင်းဆုံ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့်တွေ့ဆုံကာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးဝင်းက မြို့နယ်ပါတီ၏ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တင်ပြပြီး တက်ရောက်လာကြသူများက နိုင်ငံတကာရေးရာကိစ္စများ၊ ရခိုင်ပြည်နယ်အရေးကိစ္စများ၊ ကလေးသူငယ်ဥပဒေများအပေါ် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးတင်ပြကြသည်။ဆက်လက်ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ၊ ဦးဝဏ္ဏမောင်လွင်တို့က မေးမြန်းထားသည့် မေးခွန်းများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင်ဦးစိုးနိုင်က နှုတ်ဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြော ကြားကာ တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ ပါတီဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေး မှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးစိုးနိုင်၊ ဦးခင်ရီ၊ ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖ များ၊ ပါတီဝင်များ တက်ရောက်ကြသည်။