images
UN
UN
ပြည်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် မီတာခများအား လျှော့ချပေးရန် ဆန္ဒဖော်ထုတ်
Thursday, 22 August 2019
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (တောင်ပိုင်း) ရပ်ကွက်နေပြည်သူများ က ၅၆ လမ်းဆုံမှစတင်ကာ မြို့နယ် လျှပ်စစ်ရုံးရှေ့အထိ ယခုနှစ် ဇူလိုင်လမှ စတင်၍ တိုးမြှင့်ကောက်ခံလျက်ရှိသည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများအား ပြည်သူများအနေဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ် နေသည့်အတွက် အစိုးရမှလျှော့ချပေး ရန် ယနေ့ညနေ ၆ နာရီတွင် ဖယောင်း တိုင်မီးများအား ထွန်းညှိကိုင်ဆောင်ကာ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။ဆန္ဒဖော်ထုတ်ရခြင်းနှင့်ပတ်သက်၍ ဦးဆောင်ပါဝင်သူ ကိုနောင်နောင်က''ကျွန် တော်တို့က ရပ်ကွက်ထဲ လှည့်လည်သွားနေ တာဖြစ်တဲ့အတွက် ရပ်ကွက်ထဲက ပြည်သူ တွေမှာ မီတာခတက်သွားလို့ စားဝတ် နေရေးအတွက် ပိုပြီး ခက်ခဲမှုတွေနဲ့ အဆင် မပြေ ညည်းညူသံတွေကို ဆက်တိုက် ကြားနေရတယ်။ အခုလို အဆင်မပြေ ခံစားရတာတွေကို အစိုးရနဲ့ တာဝန်ရှိသူ တွေ သိစေချင်တဲ့အတွက် အခုလို ဆန္ဒဖော် ထုတ်ပွဲကို ပြုလုပ်ပေးတာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
အဆိုပါပွဲသို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မှ ပြည်သူများနှင့်အတူ လမ်းသွားလမ်းလာ ပြည်သူများကလည်း ပူးပေါင်းပါဝင်ကာ ဗီနိုင်းပါစာသားများဖြစ်သည့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် မီတာခများအား လျှော့ချပေးရေး၊ မီတာခများအား ဈေးနှုန်း မတက်ဘဲ မူလနှုန်းထားအတိုင်း ထားရှိပေး ရေးအချက်များအား အဓိကတောင်းဆိုကာ ချီတက်ဟစ်ြေ<ွကးခဲ့ကြသည်။
ယခုနှစ် ဇူလိုင်လမှစတင်၍ နိုင်ငံတော် အစိုးရမှ လျှပ်စစ်ဓာတ်အားခများကို နှစ်ဆ ခွဲနီးပါးအထိ တိုးမြှင့်ကောက်ခံခဲ့သည့် အတွက်ပြည်သူများကလက်မခံနိုင်ကြောင်း နှင့် တိုးမြှင့်ကောက်ခံခြင်းမပြုရန် တိုင်းနှင့် ပြည်နယ် နေရာအနှံ့တွင် ကန့်ကွက်ဆန္ဒ ဖော်ထုတ်မှုများ ရှိခဲ့သော်လည်း အစိုးရမှ လျှော့ချပေးခြင်းမရှိသေးဘဲ လက်ရှိအခြေ အနေတွင် မီတာခကို တိုးမြှင့်သတ်မှတ် ထားသည့်နှုန်းထားများအတိုင်းဆက်လက် ကောက်ခံလျက်ရှိနေသည့်အတွက် အခြေခံ ပြည်သူများအနေဖြင့် ငွေကြေးအခက်အခဲ များစွာ ကြုံတွေ့နေရသကဲ့သို့ မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများမှ အချို့လည်းယခုမီတာနှုန်းထားများအတိုင်း ဆက်သွားပါက လုပ်ငန်းရပ်နားရမည့် အခြေအနေတွင်ရှိနေကြောင်း အသေးစား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မေနဒီမြနွယ်