images
UN
UN
၂၁ ရာစု STEM ပညာရေးမိတ်ဆက်ပွဲအခမ်းအနားသို့ ပျော်ဘွယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်
Thursday, 22 August 2019
Myanmar Robotic ၂၁ရာစှု STEM ပညာရေးမိတ်ဆက်ပွဲ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သော ဦးတင်စိုးနှင့် ဦးမြင့်စိုးတို့တက် ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အနာဂတ် ပညာရေးကဏ္ဍ၌ အရေးပါလာမည်ဖြစ် သည့်စက်ရုပ်ပညာရေးအစီအစဉ်အကြောင်း မိတ်ဆက်ရှင်းလင်းခဲ့သည်။
၂၁ ရာစု STEM ပညာရေးမိတ်ဆက် ခြင်းအစီအစဉ်ကို My Robot Time My-anmar တည်ထောင်သူ ဦးရဲမြန်မာအောင် နှင့် နည်းပြများက သက်ဆိုင်ရာကဏ္ဍ အလိုက်ရှင်းလင်းပြောကြားခဲ့ပြီး ပျော်ဘွယ် မြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၁၆ ကျောင်းသို့ သင်ထောက် ကူစက်ရုပ်ငယ်များ လှူဒါန်းခဲ့ကြသည်။
ထို့ပြင် ဦးရဲမြန်မာအောင်နှင့် အဖွဲ့မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ပညာရေးကဏ္ဍတွင် အသုံးပြုမည့် စက်ရုပ်ငယ်များဖြင့် စာတွေ့ လက်တွေ့ သင်ကြားပြသမှုအစီအစဉ်အား ပျော်ဘွယ်မြို့ မှန်နန်းဘကကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။