images
UN
UN
မုံရွာခရိုင်ပြည်ခိုင်ဖြိုးပါတီ ခရိုင် မြို့နယ်ကျေးလက်တွေ့ဆုံဆွေးနွေးပွဲကျင်းပ
မြင့်အောင်မြင့်(မုံရွာ) Friday, 23 August 2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် မုံရွာမြို့နယ် ကြာပိုင်ကျေးရွာ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးစောမောင် နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ရပ်မိရပ်ဖများ၊ ကျေးရွာ ပါတီဝင်များ၊ ပါတီမိတ်ဆွေဝန်း ရံသူများနှင့် တွေ့ဆုံကာ ယနေ့ နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေးများကို ဘက်စုံ သုံးသပ် အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲ တိုင်း ဒေသကြီးပါတီကော်မတီဝင် အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်း ရွှေက ပြည်သူတွေနှင့် ထိတွေ့ ပေါင်းစပ်ကာ ပြည်သူ့ပါတီဖြစ် သည်နှင့်အညီ သာရေး၊ နာရေး၊ လူမှုရေးလုပ်ငန်းများတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြစေချင် ကြောင်း၊ ခရိုင်ပါတီဥက္ကဋ္ဌဦးအောင် တိုးကလည်း ပါတီတာဝန်လုပ်ငန်း စဉ်များကို ပိုမိုကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်းနှင့် မြို့နယ် ပါတီဥက္ကဋ္ဌဦးကျော်ဝင်းက မြန်မာ- ရခိုင်သမိုင်းကြောင်းများကို ကောက် နုတ်သုံးသပ် ဆွေးနွေးပေးသည်။
(၂ဝဝ၈)အခြေခံဥပဒေ သမိုင်း နှင့် လိုအပ်သော ခြေ/ဥပါ ပုဒ်မ များကိုလည်း အပြန်အလှန်မေးမြန်း ဆွေးနွေးကြကြောင်း သိရသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ တိုင်း ဒေသကြီးပါတီကော်မတီဝင် အမျိုး သမီးရေးရာ တာဝန်ခံ ဒေါ်သိင်္ဂီ ဝင်းရွှေ၊ တိုင်းဒေသကြီးပါတီကော် မတီဝင် ခရိုင်တာဝန်ခံ ဒေါ်ယဉ် မာဝင်း၊ ခရိုင်ပါတီဥက္ကဋ္ဌဦးအောင် တိုး၊ ခရိုင်ပါတီ ကော်မတီဝင် မြို့နယ် တာဝန်ခံ ဦးမြင့်အောင်၊ ဦးတင်ဇော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ပါတီအတွင်းရေး မှူးဦးမြင့်စိုး၊ မြို့နယ် ပါတီကော် မတီဝင်များ၊ ရပ်ကျေးပါတီဝင်များ နှင့်ပါတီမိတ်ဆွေများ တက်ရောက် ကြကြောင်း သိရသည်။