images
UN
UN
ညောင်တုန်းမြို့နယ်ပြည်ခိုင်ဖြိုးလူငယ် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်
သီဟသွေး(ညောင်တုန်း) Friday, 23 August 2019
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်ခိုင်ဖြိုးပါတီ လူငယ်များသည် သွေးလွန်တုပ်ကွေး ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ညောင်ရွာကျေးရွာနှင့် ညောင်ရွာအမကကျောင်းများတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခြင်ဆေးဖျန်းခြင်းကို ညောင်တုန်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီကော်မတီဝင်၊ လူငယ်ရေးရာတာဝန်ခံ စောမျိုးသီဟ၊ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးဝင်း၊ ညောင်ရွာကျေးရွာ လူငယ် ခေါင်းဆောင် ကိုသိန်းသန်းစုနှင့် လူငယ်များက ပါဝင်ဆောင် ရွက်ခဲ့ကြသည်။