images
UN
UN
မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးလက်ပြည်သူများနှင့်တွေ့ဆုံ
ဖြိုးမောင်ဇော်(မအူပင်) Friday, 23 August 2019
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးလျက် ကျေး လက်ပြည်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မအူပင်မြို့နယ် ဆိပ်သာကျေးရွာရှိ ဦးဇော်ဦးနေအိမ်၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်၊ တိုက်နယ်တာဝန်ခံ ဦးတင်အောင်ရွှေနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ဆိပ်သာ ကျေးရွာနှင့် ကျုံနတ္တော်ကျေးရွာများမှ ကျေးရွာပါတီဥက္ကဋ္ဌများ၊ ကျေးလက်ပြည်သူများတက်ရောက်ခဲ့ကြပြီး ပါတီ၏ဆောင် ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။