images
UN
UN
အကြမ်းဖက်အဖွဲ့များ တိုက်ပွဲတွေ ဆက်တိုက်ချင်လား အသင့်ပဲဟု တပ်မတော်က ပြောကြား
Friday, 23 August 2019
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များကို တိုက်ပွဲတွေ ဆက်တိုက်ချင်လား အသင့်ပဲဟု တပ်မတော်က ပြောကြားလိုက်သည်။ ယနေ့ညနေပိုင်းက နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ကျင်းပသော တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ဗိုလ်ချုပ်စိုးနိုင်ဦးက''ကျွန်တော် အတို ချုပ် တစ်လုံးတည်းပဲပြောလိုက်မယ်။ အဲဒီ အဖွဲ့တွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလာပါ။ တပ်မတော်အနေနဲ့ ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင် လား အသင့်ပဲ''ဟု ထုတ်ဖော်ပြောကြား ခဲ့သည်။
အကြမ်းဖက်လက်နက်ကိုင်များအနေ ဖြင့် တပ်မတော်မှ အပစ်ရပ်စဲထားသည့် ကာလအတွင်း စည်းကမ်းချက်များကို ချိုး ဖောက်ခဲ့သဖြင့် အပြစ်ရှိကြောင်းကိုလည်း ဗိုလ်ချုပ်စိုးနိုင်ဦးက ထပ်လောင်းပြောကြား ခဲ့သည်။
ယခုနှစ် ဇူလိုင် ၂၂ ရက်မှ ယခုလ ၁၄ ရက်အထိ လက်နက်ကိုင်အဖွဲ့များ၏ စည်းကမ်းဖောက်ဖျက်မှုများအနေဖြင့်တပ်မ တော်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုစုစုပေါင်း ၁၅ ကြိမ်ရှိကြောင်း သိရသည်။
နယ်မြေကျော်လွန်လှုပ်ရှားမှု စုစုပေါင်း အကြိမ် ၃ဝ နှင့် ဆက်ကြေးကောက်ခံမှုစုစု ပေါင်း ခြောက်ကြိမ်၊ လူသစ်စုဆောင်းမှု စုစုပေါင်းရှစ်ကြိမ် ရှိကြောင်း သိရသည်။
ယင်းထဲတွင် စည်းကမ်းဖောက်ဖျက်မှု အများဆုံးမှာTNLA ဖြစ်ကြောင်း ဗိုလ်ချုပ် စိုးနိုင်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။
တင်တင်အေး