images
UN
UN
ဟန်ပြမဟုတ်ဘဲ စံပြရွေးကောက်ပွဲဖြစ်အောင်လုပ်သွားမယ်ဆိုရင်တော့ အလွန်ကောင်းတယ်ဟု ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ပြောကြား
Friday, 23 August 2019
ရွေးကောက်ပွဲအတွက် ပြဋ္ဌာန်း ထားသောဥပဒေများကို ရပ်/ကျေး ကော်မရှင်တွင်ပါဝင်မည့်သူများပါ နားလည်ပြီး တိတိကျကျလိုက် နာပါက လွတ်လပ်ပြီးတရားမျှတ ပွင့်လင်းမြင်သာသောရွေးကောက်ပွဲ ကြီးဖြစ်လာမည်ဟုပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း က ယနေ့သုံးသပ်ပြောကြားလိုက် သည်။ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်းက ''ဟန်ပြ မဟုတ်ဘဲ စံပြရွေးကောက်ပွဲဖြစ် အောင်လုပ်သွားမယ်ဆိုရင်တော့ အလွန်ကောင်းပါတယ်။ တစ်ခုပဲ ရွေးကောက်ပွဲဥပဒေမှာ ထုတ်ထား တဲ့ဥပဒေတွေကအလွန်ကောင်းပါ တယ်။ အလွန်ပြည့်စုံပါတယ်။ တချို့ဟာလေးတွေကျ အနည်း ငယ်လိုတာလေးတွေရှိတာပေါ့။အဲဒါတွေကအကုန်လုံးကိုပြုပြင် ပြီးပြီဆိုရင် ပယောဂကင်းကင်း ပေါ့။ လက်ရှိအစိုးရရဲ့ပယောဂ ကင်းကင်းနဲ့တရားဥပဒေကိုတရား ဥပဒေအတိုင်းလုပ်သွားမယ်ဆို ရင်တော့ပြည်သူနဲ့တစ်ထပ်တည်း ကျတဲ့ ရွေးကောက်ပွဲကြီး ဖြစ် လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒုတိယအချက်အနေနဲ့က ဥပဒေ တွေကို အမှန်တကယ်ပေးရမယ့် ရပ်ကျေး၊ အဲဒီရပ်ကျေးတွေပါ နားလည်ပြီးတော့ တိတိကျကျ လိုက်နာသွားမယ်ဆိုရင် လွတ်လပ် ပြီး တရားမျှတတဲ့ ပွင့်လင်းမြင် သာတဲ့ ရွေးကောက်ပွဲကြီးဖြစ် လာလိမ့်မယ်လို့မြင်ပါတယ်''ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းက နေပြည် တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်ကျင်းပသောပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့်နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ တက်ရောက်လာချိန်တွင်မီဒီယာများ ၏မေးမြန်းမှုကိုအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး သွားမည့်ကိစ္စနှင့် ပတ်သက်ပြီး ဦးလှသိန်းက''ဘာတွေဆွေးနွေး မလဲဆိုရင် ပြီးခဲ့တဲ့ဖြစ်စဉ်တွေကို ပြန်ကြည့်ပြီးတော့ တရားဥပဒေ အတိုင်း ဆောင်ရွက်ဖို့ ပုဒ်မ ၂၃၂ တို့ပြဋ္ဌာန်းချက်တွေ၊ ၁၉၈ တို့ ပြဋ္ဌာန်းချက်တွေ အခြေခံဥပဒေမှာ ဘယ်ဥပဒေကဘယ်လိုပဲပြဋ္ဌာန်းပါစေ အခြေခံဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်သွားမယ်ဆိုရင် ဒါ လေးတွေကို တိတိကျကျလိုက်နာ ပေးဖို့ ဒါတွေကိုထောက်ပြသွား မှာဖြစ်ပါတယ်'' ဟု ထုတ်ဖော် ပြောကြားခဲ့သည်။အဆိုပါဆွေးနွေး ပွဲသို့ နိုင်ငံရေးပါတီ ၈၈ ပါတီကို တက်ရောက်ရန်ဖိတ်ကြားထားသော် လည်း၈၄ ပါတီသာတက်ရောက်ခဲ့ ကြောင်းသိရသည်။ တင်တင်အေး