images
UN
UN
တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၃၁၄၇ ဦးအား အခမဲ့ဆေးဝါးကုသပေး
ရဲဝင်းနိုင်(ညောင်ဦး) Friday, 23 August 2019
မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ် ဥယျာဉ်ကျစ် ကျေးရွာ အုပ်စု ရွှေဘိုရွာသစ်ကျေးရွာရှိ ရွှေဘိုပြည်လုံးချမ်းသာ မုန်းစက် တော်ရာဘုရားကြီးတွင် ယမန်နေ့ နံနက် ၇ နာရီကဗိုလ်မှူးကြီး ကျော် ကျော်ထွန်း ဦးဆောင်သော တပ်မ တော်နယ်လှည့်အထူးကုဆေးအဖွဲ့ မှ ယာယီဆေးခန်းဖွင့်လှစ်ကာ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ ၃၁၄၇ ဦးအား အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု များဆောင်ရွက်ပေးရာတွင် ဗိုလ်မှူး ကြီးကျော်ကျော်ထွန်း ဦးဆောင်၍ဆေးကုသမှုပါရဂူသုံးဦး၊ ခွဲစိတ် ကုသမှုပါရဂူငါးဦး ၊ ကျန်းမာရေး ပါရဂူသုံးဦး၊ သားဖွားမီးယပ် ပါရဂူ နှစ်ဦး၊ ကလေးကျန်းမာ ရေးပါရဂူနှစ်ဦး၊ ရောဂါဗေဒပါရဂူ တစ်ဦး၊ မျက်စိပါရဂူသုံးဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ တစ်ဦး၊ အရိုးရောဂါ ပါရဂူတစ်ဦး၊ မေ့ဆေးပါရဂူနှစ်ဦး၊ ဓာတ်မှန် ပါရဂူနှစ်ဦး၊ အဏုဇီဝဗေဒပါရဂူ တစ်ဦး၊ ဆေးဝါးဗေဒပါရဂူတစ်ဦး၊ ပြန်လည်သန်စွမ်းရေးပါရဂူတစ်ဦး စုစုပေါင်းအထူးကုပါရဂူ ၂၈ ဦး ပါဝင်ပြီး ခွဲစိတ်ကုသမှုယာဉ်နှစ်စီး၊ ဓာတ်မှန်ယာဉ်တစ်စီး ၊ ဓာတ်ခွဲ ခန်းယာဉ်တစ်စီး၊ သွားဆေးကု ယာဉ်တစ်စီး၊ ဦးစီးယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ် ခြောက်စီးတို့ဖြင့် ပွင့်ဖြူမြို့နယ်ရွှေဘို ပြည်လုံးချမ်း သာမုန်းစက်တော်ရာ ဘုရားကြီး တွင် ယာယီဆေးခန်းဖွင့်လှစ်ကာ ခေတ်မီရောဂါရှာဖွေရေးကိရိယာများ ဖြင့်ရောဂါရှာဖွေစစ်ဆေးပေးသည်။ အခမဲ့ဆေးဝါးကုသပေးမှုအပြင် နယ်လှည့်ကွင်းဆင်းအဖွဲ့ဖြင့်လည်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီး ကျေးရွာရှိ ဒေသခံကျေးလက်နေ ပြည်သူများကို ကွင်းဆင်းကုသ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အခမဲ့ဆေးဝါးကုသ ဆောင်ရွက်ပေးရာတွင် လာရောက် ပြသသည့်လူနာများ အဆင်ပြေစွာ ဆေးဝါးကုသနိုင်ရေး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ခွဲနှင့် မြို့နယ် သမ္မာဆန္ဒကရုဏာရှင်များနာမှု ကူညီရေးအသင်းတို့က လိုအပ် သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးပြီး ယမန်နေ့အခမဲ့ဆေး ဝါးကုသပေးနိုင်မှုအနေဖြင့် ဆေး ကုသမှုဆိုင်ရာ လူနာ ၉၆၆ ဦး၊ ခွဲစိတ်လူနာ ၂ဝ၄ဦး၊ကလေးလူနာ ၁၂၈ ဦး၊သားဖွား မီးယပ်လူနာ ၇၄ ဦး၊ အရိုးရောဂါလူနာ ၅၇၁ ဦး ၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ လူနာ၂၄၇ ဦး၊ မျက်စိလူနာ ၆၇၈ ဦး၊သွားရောဂါလူနာ၁ဝ၂ဦး၊အခြား ရောဂါ လူနာ ၁၇၇ ဦး စုစုပေါင်း လူနာ၃၁၄၇ဦးအား ဆေးဝါးများ ဖြင့် အခမဲ့ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ အခမဲ့ကျန်း မာရေး ပြုစုစောင့်ရှောက်ပေးခြင်း ကို ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ် ကျေးရွာအုပ်စု ၊ရွှေဘိုရွာသစ် ကျေးရွာရှိ ရွှေဘိုပြည်လုံးချမ်းသာ မုန်းစက်တော်ရာဘုရားကြီးတွင် ယမန်နေ့မှယနေ့အထိမျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သွားရောဂါ ၊ ကလေး ရောဂါ၊ အရိုးကုရောဂါ၊ ခွဲစိတ် ရောဂါ၊ သားဖွားမီးယပ်ရောဂါနှင့် အခြားထွေထွေရောဂါမျိုးစုံကို နှစ် ရက်ကြာ အခမဲ့ဆေးဝါးကုသ ဆောင်ရွက်ပေးခဲ့သည်။