images
UN
UN
H1N1 ရောဂါကြောင့် သေဆုံးသူ ၁ဝ၂ ဦးအထိရှိလာ
NG Saturday, 24 August 2019
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်များအရံ၁ြ၁ရောဂါကြောင့် သေဆုံးသူ ဦးရေမှာ ၁ဝ၂ဦးအထိ ရှိလာ ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ယခုလ ၂၃ရက်အထိ တစ်နိုင်ငံ လုံးတွင် H1N1ရောဂါဖြစ်ပွားသူ ဦးရေမှာ ၄၈၉ဦးအထိ ရှိခဲ့ပြီး သေဆုံးသူ ၁ဝ၂ဦးအထိ ရှိလာခဲ့ ခြင်းဖြစ်သည်။ ၂ဝ၁၇ ခုနှစ်အတွင်း ကလည်း H1N1ရောဂါဖြစ်ပွားခဲ့ ဖူးသော်လည်း သေဆုံးသူ ၃၈ဦး သာ ရှိခဲ့ခြင်းကြောင့် ယခုနှစ် အတွင်း ဖြစ်ပွားလျက်ရှိသည့် H1N1ရောဂါကူးစက်ပြန့်ပွားမှု သည် သေဆုံးသူဦးရေ အများဆုံး ရှိခဲ့သည့်ရောဂါကူးစက်ပြန့်ပွားမှု အဖြစ် မှတ်တမ်းဝင်လျက်ရှိသည်။ H1N1ရောဂါကြောင့် သေဆုံးသူ အများဆုံးဒေသမှာ ရန်ကုန်တိုင်း ဒေသကြီးဖြစ်ပြီး ၆၆ဦး သေဆုံး ခဲ့သည်။ံ၁ြ၁ရောဂါကူးစက် ခံရသူများသည် နှလုံးကြွက်သား အားနည်းခြင်း၊ အသက်ရှုလမ်း ကြောင်းဆိုင်ရာ အားနည်းမှုများ ဖြစ်ပွားခြင်း၊ ကိုယ်ခံအားကျဆင်း ခြင်း စသည့်ဖြစ်စဉ်များ ရင်ဆိုင် ရပြီးနောက် အသက်အန္တရာယ် ထိခိုက်သည်အထိ အကျိုးဆက် ကြီးမားခြင်းဖြစ်သည်။ H1N1 ရောဂါကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် လိုအပ် သည့်အစီအစဉ်များအား အကောင် အထည်ဖော်လျက်ရှိသော်လည်း သေဆုံးသူများ ဆက်ရှိနေခြင်းဖြစ် သည်။