images
UN
UN
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟွေနလူးချောင်း ရေကျော်တံတား ဆောက်လုပ်သည့်နေရာတွင် ကားလမ်းရေလွှမ်းမိုးမှုဖြစ်ပွား
ဝတ်ရည်(မယ်စဲ့) Sunday, 25 August 2019
ကယားပြည်နယ် ဘောလခဲ ခရိုင် မယ်စဲ့မြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီခန့်က မိုးသည်းထန် စွာရွာသွန်း၍ တောင်ကျရေစီး ဆင်းမှုကြောင့် မယ်စဲ့-ဟိုစဲ့ကား လမ်းပေါ်ရှိ ဟွေနလူးချောင်း ရေ ကျော်တံတား ပေ ၆ဝ သံကူကွန် ကရစ်တံတားဆောက်လုပ်သည့် နေရာတွင် ကားလမ်းရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး သွားလာမှုယာယီပြတ် တောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှူးဦးဖြိုး မြတ်သူနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှအလုပ် သမားများပူးပေါင်း၍ ခရီးသွား ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် အန္တရာယ် ရှိသောနေရာများအား ကာရံခြင်း၊ အန္တရာယ်အချက်ပြအမှတ်အသား များပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီ ခန့်တွင် ခရီးသွားလာမှုများ ပုံမှန် သွားလာနိုင်ကြောင်း သိရသည်။